၄ - ၂

951 167 6
                                    


သူနာပြုလေးရဲ့မျက်နှာက နေရာမှာတင်ဖျော့တော့သွားပြီး ဆေးရုံဆောင်ထဲမှ တက်သုတ်ရိုက်ထွက်ခွာသွားသည်။ တံခါးနားရောက်တော့ခလုတ်တောင်တိုက်မိသေးသည်။ သူ(မ)က သိသိသာသာကိုကြောက်လန့်သွားပုံရသည်။

ရိဟန်းက ပိတ်သွားတဲ့တံခါးကိုငေးကြည့်ရင်း ရွှင်လန်းစွာနှင့် တီးတိုးပြောလိုက်သည်။
"မင်းက ငါ့ကို မပျော်ရွှင်အောင်လုပ်မှတော့ ငါမင်းကို သေတဲ့ထိခြောက်လှန့်ပစ်မယ်"

ချီလဲ့ကပြုံး၍ "မင်းဒီလောက်ပဲတွေးနိုင်တာလား၊ စိတ်ရောဂါဌာနကိုထပ်သွားရမှာ မကြောက်ဘူးလား"

ရိဟန်းကြည့်ရတာ တွေဝေသွားပုံရသည်။
"အဲ့လိုထပ်ဖြစ်တော့မှာမဟုတ်ဘူး၊ ဟုတ်တယ်မ
လား"

ချီလဲ့လည်း ဒီလူက နည်းနည်း‌တော့တုံးတာပဲလို့တွေးနေမိသည်။ သူက မျက်ခုံးကိုပင့်ပြီးမေးလိုက်သည်။ "မင်းဘာလို့လွတ်လာတာလဲ"

ရိဟန်းက ဝမ်းနည်းစွာပြောလာသည်။
"ငါတို့ အဲ့အကြောင်းမပြောကြရအောင်"  

ချီလဲ့က စာကြောင်းတချို့မျှ ပစ်လွှတ်လိုက်သည်။ "ငါအမြဲတမ်း သူနာပြုကို မင်းနေမကောင်းဖြစ်ပြန်ပြီလို့ ပြောလို့ရတယ်နော်"  

"..." ရိဟန်း ညည်းညူလိုက်သည်။ "မင်းက အရမ်းရက်စက်တာပဲ" 

သူက‌ ကြေကွဲစွာနှင့် နောက်ကြောင်းပြန် တော့သည်။ "ငါ့ကိုစိတ်ငြိမ်ဆေးတိုက်ပြီးတော့ စိတ်ရောဂါဌာနကိုဇွတ်ပို့ခံရတယ်၊ ဒါပေါ့ ငါခုခံတာပေါ့၊ ဆရာဝန်တွေ သူနာပြုတွေလည်း ထပ်ဝင်လာရော၊ ဒါပေမဲ့ ရုတ်တရက် ငါ့မိသားစုဝင်အုပ်စုမှာ လူပိုတစ်ယောက်ပါလာတယ်၊ တစ်ချက်ကြည့်ရုံနဲ့ သူက အောင်မြင်တဲ့လုပ်
ငန်းရှင်နဲ့တူတယ်၊ ရှင်းရှင်းပြောရရင် သူက Mr.
perfect ပဲ၊ အရပ်ရှည် ချမ်းသာ ချောမောသော
ပဲ၊ သူက ဆေးပစ္စည်းဗန်းကိုကိုင်ထားပြီး ဆရာဝန်နဲ့သူနာပြုတွေကို ငါက ခေါင်းထိသွားပြီးကောင်းကောင်းသတိမဝင်သေးတာကြောင့် ငါ့ခေါင်းကိုထပ်ရိုက်လိုက်ရင် ငါလုံးဝနိုးကြားလာလိမ့်မယ်လို့‌ ပြောခဲ့တယ်"

ချီလဲ့ ခေါင်းညိတ်သည်။ ချီလဲ့လည်း သူ(YH)က ထိုသူကိုကြောက်လန့်သွားပြီး နောက်ဆုံးမှာ သူ့ကံကြမ္မာသူ လက်ခံခဲ့တာဖြစ်မည်လို့ ခန့်မှန်းမိသည်။ သူစကားပြောတော့မည့်အချိန်မှာပဲ ထိုသူရဲ့ နှလုံးသားလေးနာကျင်သွားပြီး ဝမ်းနည်းကြေကွဲစွာပြောသည်ကို ကြားလိုက်ရသည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now