အခန်း ( ၂၄ ) _ငါ့ဇနီးလေးကို လိုက်ရှာနေတယ်

771 104 16
                                    

ဘားဖွင့်ချိန်မရောက်သေးတာကြောင့် လူစိမ်းတစ်ယောက်ဝင်လာခြင်းက အလွန်သိသာနေခဲ့သည်။ ယဲ့ရွှေ့ချွမ်းက သူတို့ဘက်ကိုကြည့်ပြီး သူတို့နားကိုအမြန်‌ရောက်လာကာ လူချင်းခွဲလိုက်သည်။ ထို့နောက် တစ်ယောက်သောသူကိုစိုက်ကြည့်ကာ အေးတိအေးစက်ပြောလိုက်သည်။ “ငါတို့ရဲ့ရှောင်ယွမ်က လွန်ခဲ့တဲ့ရက်‌တွေကမှ ပုံမှန်လူလိုဖြစ်လာခဲ့တာကို မင်းက ဘာလာလုပ်ပြန်တာလဲ”

ချီလဲ့ “…”

ရိဟန်း “=∆=”

မိန်းမဆန်ဆန်နှင့်တစ်ယောက်လည်း ထိုသူကိုစူးစမ်းလေ့လာနေရင်း ရုတ်တရက် တစ်ခုခုကိုသတိထားမိသွားသည်။ “မင်းကို ရင်းနှီးနေပါတယ်လို့ထင်နေတာ၊ အားလား၊ မင်းက ကြည့်ကောင်းပေမဲ့လည်း… သနားစရာပဲ”

ရိဟန်းတစ်ယောက် ထိန်းချုပ်မရစွာတုန်ယင်လာခဲ့သည်။ “မင်းတို့ ကြိုက်သလိုပြောလို့ရတယ်၊ ငါသူ့နဲ့ အရေးတကြီးဆွေးနွေးစရာရှိတယ်..”

ယဲ့ရွှေ့ချွမ်းက သူ့ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ “မင်းတို့ချင်းသိတာ ဘယ်လောက်ကြာပြီလဲ၊ မင်းမှာ သူနဲ့ ဘာများဆွေးနွေးစရာရှိမှာလဲ”

“ငါတကယ်ကို သူနဲ့ပြောစရာရှိလို့ပါ” ရိဟန်းက ချီလဲ့ကို သနားစဖွယ်ကောင်းအောင်ကြည့်လိုက်ပြီး “ တစ်ခုခုပြောပါဦး”

ထိုတော့မှ ချီလဲ့ အသိပြန်ဝင်လာခဲ့သည်။ “ကော၊ လုပ်စရာရှိတာသွားလုပ်ပါ၊ ကျွန်တော် သူနဲ့စကားပြောပါရစေ”

“မရဘူး၊ ငါတို့နားမှာပြော၊ မဟုတ်ရင် ငါစိတ်ပူနေရမှာ”

ချီလဲ့ ရှင်းပြလိုက်သည်။ “သူနဲ့ သူ့လူမှာ ပြဿနာနည်းနည်းရှိနေလို့ သူက ငါ့ဆီက အကူညီလာတောင်းတာပါကွာ”

“မင်းရဲ့လူဆိုတာ မင်းရဲ့ဂန္ဓမာပန်းလေးကိုဆုတ်ဖြဲချင်နေတယ်ဆိုတဲ့တစ်‌ယောက်လား” ဒီနားမှာ တစ်ချိန်လုံးထိုင်နေခဲ့သည့် မိန်းမဆန်ဆန်နှင့်တစ်ယောက်က ရိဟန်းရဲ့ပေါက်ကွဲသံစဉ်တွေကို ထိုသူဘားထဲစဝင်လာကတည်းက ကြားခဲ့ရသည်လေ။ သူ တစ်ခုခုကိုအမှတ်ရသွားပြီး “မင်းဆေးရုံဆင်းတဲ့နေ့တုန်းက မင်း 'ဒါလင်' လို့ခေါ်လိုက်တဲ့ ခပ်လန်းလန်းယောက်ျားလား”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now