အခန်း ( ၂၀ )

706 117 10
                                    


ချီလဲ့သည် တိုက်ခန်းနားမရောက်မီကတည်းက လမ်းဘေးတစ်ဖက်ရှိ ရင်းနှီးနေသည့်လမ်းကြမ်းမောင်းကားကို မြင်ခဲ့သည်။ ချက်ချင်းပဲ ယဲ့ရွှေ့ချွမ်းရောက်နေမှန်း သိလိုက်သည်။ သူထိုနေရာသို့ ခြေလှမ်းနည်းငယ်နှင့် ခပ်မြန်မြန်လျှောက်သွားလိုက်တော့ ကားထဲမှ လူတစ်ယောက်ထွက်လာသည်။ “ကော”

ယဲ့ရွှေ့ချွမ်းက သူ့ကိုတွေ့သည်နှင့် မျက်လုံးတွေတောက်ပသွားပြီး သူ့အင်္ကျီစကိုဆွဲကာ သူ့ဘက်ကိုခေါ်လိုက်သည်။ သို့ပေမဲ့ ချက်ချင်းလက်ငင်း စိတ်ပျက်သွားလေသည်။ “ဘာလို့ တစ်ခုမှမရှိရတာလဲ”

ချီလဲ့ စဉ်းစားရခက်သွားသည်။ “ဘာကိုလဲ”

“အနမ်းရာ”

“…” ချီလဲ့ သူ့ကိုတွန်းလွှတ်လိုက်ပြီးတော့ တိုက်ခန်း‌ပေါ်တက်ခဲ့သည်။ “ကော၊ ငါတို့ရဲ့ဆက်ဆံရေးက ဖြူစင်ပါတယ်၊ ပြီးတော့ ငါတို့ ဟိုတယ်မှာလည်း အခန်းမယူခဲ့ဘူး”

“မင်းက ‘အ’လိုက်တာ” ယဲ့ရွှေ့ချွမ်းက ဘာမှမဖြစ်ခဲ့တာကို မုန်းတီးနေမိသည်။ “မနေ့က အခွင့်ကောင်းရတာကို ဘာလို့ အသုံးမချတတ်ရတာလဲ၊ မင်းလည်းမူးနေတာပဲကို၊ လုပ်လိုက်ရင်ပြီးနေပြီ”

ချီလဲ့က သူနှင့်ငြင်းခုန်နေဖို့ကိုပျင်းလွန်းတာကြောင့် ဘာမှမပြောတော့ဘဲ တိုက်ခန်းပေါ်သို့သာ ဖြည်းဖြည်းချင်းတက်ခဲ့သည်။

“မင်းတို့တွေ တိုးတက်မှုရှိခဲ့ရဲ့လား” ယဲ့ရွှေ့ချွမ်းက သူ့နောက်မှလိုက်တက်နေရင်း အတင်းအဖျင်းကို အင်မတန်စိတ်ဝင်စားနေပုံရသည်။ “မင်းတို့တွေ နမ်းခဲ့သေးလား၊ ပြင်သစ်အနမ်းမဟုတ်လည်း အဆင်ပြေပါတယ်၊ မင်း ကုပိုင်ကို မြန်နိုင်သမျှမြန်မြန်တော့ မင်းရဲ့လူဖြစ်အောင်လုပ်ရင်ကောင်းမယ်နော်၊ ခုထိ လူတော်များများက နင်းရှောင်ဘက်ကလောင်းနေတယ်ဆိုပေမဲ့ မနေ့ညက ကုပိုင်နဲ့မင်း အတူသောက်နေခဲ့တာကိုတွေ့သွား‌တော့ ကုပိုင်ဘက်ကလောင်းတဲ့သူတွေ တိုးလာလောက်ပြီ၊ ဒီတစ်ခါ ငါ ၅၀ လောင်းထားတယ်”

ချီလဲ့ သူ့ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။ “ ၅၀…”

ယဲ့ရွှေ့ချွမ်းက ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။ “အားလုံးက အပျော်သဘောနဲ့လောင်းကြတာလေ၊ အလေးအနက်တော့လည်း မဟုတ်ပါဘူး၊ အများစုက ၁၀ ယွမ် လောင်းကြတယ်”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now