၉ - ၂

703 114 8
                                    

ရုတ်တရက် မီးလင်းလာတဲ့အခါ နင်းရှောင်က သူ့ကို လှည့်ကြည့်လာသည်။
"ငါမပြောခဲ့ဘူးလား၊ ငါပြန်လာရင် မတွေ့ချင်....." ရုတ်တရက် သူက ဧည့်ခန်းထဲရှိ ဟာရီကိန်းဝင်သွားသလို အပျက်အစီးများကို တွေ့လိုက်ရပြီး မျက်နှာအမူရာ ပျက်ယွင်းသွားရသည်။

ချီလဲ့ကတော့ နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ် ဒီအတိုင်းကျ‌နေသည့် အဝတ်များကိုတက်နင်းကာ နင်းရှောင်ကို တွန်းတိုက်ပြီး ဖြတ်လျှောက်သွားသည်။ အဲ့ဒီနောက် သူက ကလေးမျက်နှာနှင့်ကောင်လေးရဲ့ ပခုံးကိုကိုင်ကာ စားမလိုဝါးမလိုကြည့်လိုက်သည်။

နင်းရှောင် : "..."

ကလေးမျက်နှာနှင့်ကောင်လေးရဲ့ အသံက ရှော့ခ်ရနေသလို ကတုန်ကယင်နှင့် "ရှောင်.....ရှောင်.....ရှောင်.....ရှောင်ယွမ် ကော......"

"ဟုတ်တယ်၊ ငါပဲ၊ လိမ်လိမ်မာမာနေ၊ လန့်မနေနဲ့" ချီလဲ့က ကောင်လေးကို စိတ်ငြိမ်အောင်ကူညီနေပေမဲ့ သူ့အကြည့်တွေက ထိတ်လန့်စရာကောင်းနေသေးသည်။ "မင်း ဟင်းချက်တတ်လား" 

ကလေးမျက်နှာနှင့်ကောင်လေးက တစ်စက္ကန့်လောက် ကြောင်အနေပြီးမှ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ခေါက်ဆွဲပြုတ်တတ်တယ်"

ချီလဲ့က သူ့ပါးကို ညင်ညင်သာသာထိလိုက်ပြီး "မင်းသိလား၊ ငါမင်းကို အမြဲတမ်း မိသားစုလိုသဘောထားခဲ့တာ၊ ဒါပေမဲ့ မင်းကတော့ တကယ်ပဲ....သနားစရာပါလား"

ကောင်လေးက ရုတ်တရက် နင်ကာ ကျို့ထိုးမိ‌တော့သည်။ "ရှောင်ယွမ်ကော၊ ကျွန်တော် အစ်ကို့ကို စိတ်ပျက်စေမိပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို တကယ်ချစ်တာပါ"

"ထပ်မပြောကြရအောင်၊ ကော မင်းကိုခွင့်လွှတ်ပါ့မယ်"
ချီလဲ့က သူ့လက်ကိုဆွဲ၍ "မင်း ကောအတွက် ချက်ပြုတ်ပေးရင်ပေါ့၊ ကောဗိုက်ဆာလို့ သေတော့မယ်"

ကောင်လေးက ဘေးကိုကြည့်လိုက်တော့ နင်းရှောင် အသံတိတ်နေသည်ကိုမြင်ရသည်။ ကြည့်ရတာ သူ ငြင်းဆန်မည့်ပုံမပေါ်။ ထို့ကြောင့် ကောင်လေးလည်း မီးဖိုထဲသို့သာ တန်းတန်းမတ်မတ်ဝင်ခဲ့လိုက်သည်။ ချီလဲ့က ဘဝင်ခိုက်နေပြီး ဆိုဖာပေါ်လှဲချကာ အသိုက်ဖွဲ့ရင်း စားစရာကိုစောင့်နေခဲ့သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now