အခန်း ( ၄ ) ၄ - ၁

1K 158 9
                                    


ယဲ့ရွှေ့ချွမ်းက ထိုငကြောင်နှင့်ပတ်သက်၍ အတော်လေး စိတ်ဝင်စားနေသေးသည်။ အချိန်ခဏ‌လောက် သူ့ကို‌ စိတ်မပါလက်မပါစူးစမ်းရင်း သူ၏အ‌မွေးတွေထောင်ထလာသလိုခံစားလိုက်ရသည်။ သူက ချီလဲ့ကိုကြည့်ပြီး "ရှောင်ယွမ်၊ ပိုသက်သာလာပြီလား၊ တစ်ခုခုကိုများ
မှတ်မိသေးလား"

"အခုတော့ ငါဘာကိုမှ မမှတ်မိသေးဘူး"

ချီလဲ့က ထိုသို့ပြောပြီး ခန္ဓာကိုယ်ကိုအသာရွှေ့လိုက်သည်။

"ငါ့ခေါင်းကတော့မနာတော့ပေမဲ့ ငါ့ခန္ဓာကိုယ်က
နည်းနည်း မသက်မသာဖြစ်နေတယ်၊ ကြည့်ရတာ
ငါအကြာကြီးအိပ်လိုက်လို့ဖြစ်မယ်"  

"မဟုတ်ဘူး" ယဲ့ရွှေ့ချွမ်းက အေးတိအေးစက်ပြောလိုက်သည်။ "အဲ့ဒါဘာလို့လဲဆို နင်းရှောင်ရိုက်တာခံခဲ့ရလို့"

ချီလဲ့က ဒီအကြောင်းအရာနှင့်ပတ်သက်၍ စက္ကန့်
ပိုင်းမျှ တိတ်တဆိတ်စဉ်းစားနေပြီးနောက် ဒေါသ
ထွက်လာတော့သည်။ "သူငါ့ကိုရိုက်ရဲလား၊ဘယ်တုန်းကလဲ ၊ ငါကသာ သူ့ကိုရိုက်ပြီးတာနဲ့ မေ့လဲသွားတာမဟုတ်ဘူးလား" 

"မဟုတ်ဘူး၊ ဒါက အရင်ကဒဏ်ရာ၊ အရင်နေ့က
ရှိခဲ့တဲ့မင်းတို့သုံးယောက်ပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ
ကိုသိမှာပေါ့၊ တကယ်တော့ မင်းဆေးရုံတက်ရပုံ
ထောက်ရင် မင်းကိုယ်မှာ တခြားဒဏ်ရာတွေလည်းရှိနိုင်သေးတယ်"

ယဲ့ရွှေ့ချွမ်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မင်းသူတို့ကို လက်စားချေချင်လား"

ချီလဲ့က ဖြည်းဖြည်းချင်း တည်ငြိမ်စေလိုက်ပြီး ဒီအကြောင်းကိုတွေးနေခဲ့သည်။ 'နင်းရှောင်က မူလကိုယ်အိမ်ပြန်လာချိန်မှာ အဲ့ဒီ
ကလေးရုပ်နဲ့တစ်ယောက်နဲ့ လုပ်နေခဲ့တာ၊ ယောက်ျားတစ်ယောက်အတွက်တော့ ဒီလိုအခြေ
နေမှာနှောင့်ယှက်ခံရရင် ဒေါသထွက်ပြီး ရန်ပွဲတစ်ခုစတင်တာကပုံမှန်ပဲ၊ ကလေးမျက်နှာနဲ့တစ်ယောက်မှာတော့ သေချာပေါက်တိုက်ခိုက် skillရှိနိုင်ဘူးဆိုတော့ မူလကိုယ်ကို ဒီလိုဝမ်းနည်းစရာအခြေနေဖြစ်အောင်လုပ်တာ နင်းရှောင်ပဲဖြစ်မယ်။' ဒါပေမဲ့ အနှီပုဂ္ဂိုလ်က ဒါတွေကိုသာမန်ကိစ္စတစ်ခုလိုသဘောထားပြီး တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တော့ မတတ်နိုင်စွာဘဲ ဖြစ်နိုင်ခြေတွေကို ထည့်တွက်ရတော့သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now