အခန်း ( ၂၅ ) _ညသန်းခေါင်တိုက်ခိုက်မှု

596 97 12
                                    

ချီလဲ့တို့တွေ အနားယူရန် တိုက်ခန်းသို့ပြန်ရောက်လာတော့ ရိဟန်းက အဝတ်ဗီရိုထဲသို့ ကိုယ်တစ်ဝက်ဝင်ကာ ပြောလေသည်။ “သေလိုက်ပါတော့၊ မင်းက ချမ်းသာတာလား၊ ဒီအင်္ကျီရဲ့တံဆိပ်ကိုကြည့်စမ်း၊ ဒီတစ်ထည်ရဲ့ဈေးက ငါ့ကို အာလူးကြော်အပြည့်နဲ့ကားတစ်စီးဝယ်ပေးလို့ရတယ်၊ ညအိပ်ဝတ်တွေ ဘယ်မှာလဲ”

[ t/n: ရေခဲမုန့်ကားလိုမျိုး သူကတော့ အာလူးကြော်ခရေဇီမို့ အာလူးကြော်ကားလို့ပြောတာပါ ]

“ငါလည်းမသိဘူး၊ ဒီထဲမှာရှိမှာပေါ့၊ သေချာရှာကြည့်ပါဦး” ချီလဲ့က အိပ်ရာပေါ်တွင်ထိုင်ရင်း စကတည်းကရှုပ်ပွနေသည့်သူ့ဗီရိုလေး ပို၍ဖရိုဖရဲဖြစ်သွားသည်ကို ကြည့်နေခဲ့သည်။ သူကူကယ်ရာမဲ့စွာကြည့်နေရင်း “ မင်း ညအိပ်ဝတ်ရှာမတွေ့ရင်လည်း စိတ်အနှောင့်ယှက်ဖြစ်ခံမနေတော့နဲ့၊ ဒီတိုင်းအိပ်လိုက်၊ ငါတို့အားလုံး ယောက်ျားတွေပဲကို၊ မင်းက ဘာတွေ ကြောက်နေတာလဲ”

ရိဟန်း အနည်းငယ် အံ့ဩသွားသည်။ သူထရပ်ပြီး ကိုယ်ကိုလှည့်ကာ “ဟုတ်တယ်၊ မင်းက အဲ့ဒီခွေးကောင်မဟုတ်ဘူး၊ ငါမင်းကို သတိထားနေဖို့မလိုဘူး”

ချီလဲ့ကသူ့ကို စာနာစွာကြည့်ရင်း တွေးနေမိသည်။ မင်းက တကယ်ကို ငတုံးကောင်ပဲ။ သူသာ မင်းကိုဖာ့ခ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင် မင်းဟာမင်း ဘောင်းဘီဝတ်ထားလည်း အသုံးမဝင်တော့ဘူး။ ချီလဲ့က သူ့ကိုမေးဆတ်ပြပြီး ခိုင်းလိုက်သည်။ “ရှုပ်ပွကုန်တာတွေ ပြန်ရှင်းပေး”

ရိဟန်းက ရှုပ်ပွနေသည့်အဝတ်ဗီရိုကို တစ်ချက်ကြည့်ပြီး နာနာခံခံနှင့် အလုပ်လုပ်တော့သည်။ သူအားလုံးကို သပ်သပ်ရပ်ရပ်လုပ်ပြီးခါနီးတွင် ယဲ့ရွှေ့ချွမ်းက ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ချီလဲ့နှင့် သူ အလှည့်ကျ ရေချိုးခန်းထဲဝင်ခဲ့ကြပြီးနောက် အိပ်ရန်အသင့်ဖြစ်နေခဲ့သည်။

“မအိပ်နဲ့ဦး” ယဲ့ရွှေ့ချွမ်းက ရေတစ်ခွက်ယူလာကာ “ဒီမှာ၊ သောက်ဦး၊ သောက်ပြီးရင် လိမ်လိမ်မာမာနဲ့လှဲလိုက်တော့၊ ရူးကြောင်ကြောင်တွေလို့ကတော့ ငါမင်းကို စိတ်ကျန်းမာရေးဆေးရုံကိုပို့ပစ်မယ်”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now