အခန်း ( ၁ ) ဆေးရုံ

2.6K 200 3
                                    

1-1

C မြို့၊ ရှန်းအိုက်ဆေးရုံ၊ ( ၆ ) လွှာ၊ အတွင်းလူနာဌာန အခန်း ( ၂ ) တွင်ဖြစ်သည်။ ချီလဲ့သည် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းလျှက် မရပ်မနား တတွတ်တွတ်ပြောနေသည်။

"ငါမင်းကို လက်ဆောင်ပေးဖို့လုပ်ထားတဲ့
ပန်းချီကားတွေ ငါ့ဗီရိုထဲမှာရှိတယ်၊ သေချာသိမ်း
ထားနော်၊ အနာဂတ်မှာ ငါနာမည်ကြီးလာရင် ပန်းချီကားတွေလည်း အဖိုးတန်လာလိမ့်မယ်၊ ပန်းချီကားတွေမှာ မင်းနာမည်ရေးထားတယ်၊ဒါမှ အဲ့အချိန်ကျ လုဝယ်မနေရမှာ"

"လုမဝယ်ရအောင် မင်းငါ့ကိုပေးပေါ့ "

ကုပိုင်သည် သူ့လက်ကိုကိုင်လိုက်ပြီး နှုတ်ခမ်းစွန်းနှစ်ဖက်ကို အနည်းငယ်ကော့၍ ခပ်ပါးပါးပြုံး
လိုက်သည်။

"အိုး၊ ကောင်းပြီ "

ချီလဲ့ကိုကြည့်ရတာ ဖျော့တော့နေသည်။ သို့ပေမဲ့ သူ့မျက်လုံးများက တောက်ပနေပြီး သူ့စိတ်အခြေအနေလည်း အတော်အတန်‌ ကောင်းမွန်နေသည်။

ချီလဲ့က သူ့ကို လှည့်ကြည့်လိုက်သည်။

"ရေခဲသေတ္တာထဲမှာ နို့ဘူးတစ်ဝက်ကျန်သေးတယ်၊ မနက်ဖြန်ဆို ရက်လွန်တော့မှာမို့အိမ်ယူ
သွားပြီး သောက်ပေးပါလား၊ အာ့ချွမ်းရေ"

ကုပိုင် :

"ဝက်ပေါင်ခြောက် တစ်ဝက်လောက်လည်း ကျန်ဦးမယ် အဲ့ဒါတွေပါ ယူသွားလိုက်ပါ "

ချီလဲ့က ထပ်စဉ်းစားရင်း အမှတ်ရသွားပြန်သည်။

"အိုး ၊ ငါ့ခြေအိတ်တွေလည်း မလျှော်ရသေးဘူးပဲ၊အဲ့ဒါတွေလည်း လျှော်ပေးပါဦး၊ ပြီးတော့.. "

"မင်းသဘောအတိုင်းပါပဲ" ကုပိုင်က ဖြတ်ပြောလိုက်သည်။

"ဆေးရုံကဆင်းရင်တော့ ကိုယ့်ဟာကိုယ်လျှော် "

ချီလဲ့က ရယ်လိုက်သည်။

"ငါတို့ကျောင်းနားက စားသောက်ဆိုင်ကဘဲကင်လည်း စားချင်သေးတယ်"

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now