အခန်း (၂၆)_အလုပ်

609 84 2
                                    

ကုပိုင်က လက်ထဲတွင် ပစ္စည်းများကိုကိုင်ထားရင်း အိပ်ရာပေါ်တွင်အသိုက်ဖွဲ့၍ သူ့ကိုငေးကြည့်နေသာချီလဲ့ကိုကြည့်ကာ နှလုံးသားထဲတွင် ယားယံသွားတော့သည်။ သူ့စိတ်ထဲတွင် ပထမဆုံးဖြစ်ပေါ်လာသည့်အ‌တွေးက ထိုသူကိုခုန်အုပ်လိုက်ရန်ဖြစ်ပေမဲ့ ကံကောင်းစွာနှင့်ပဲ ကျိုးကြောင်းဆင်ခြင်နိုင်သေးတာကြောင့် နေရာတွင်သာ ရပ်မြဲတိုင်းရပ်နေခဲ့သည်။

ချီလဲ့ကတော့ ယဲ့ရွှေ့ချွမ်းကို ကျွင်းတစ်ခုတူးကာ မြုပ်ပစ်လိုက်ချင်တော့သည်။ ယဲ့ရွှေ့ချွမ်းရဲ့လုပ်ရပ်က သူ့ကို ကုပိုင်အထင်လွဲသွားစေနိုင်သည်။ သူ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။ “သူ့ကို အရေးလုပ်…မ..နေနဲ့၊ ငါ့သာ့ကောက ဒီလိုပဲ”

“ငါသိပါတယ်၊ စိတ်ထဲမထားပါဘူး” ကုပိုင်က ပစ္စည်းတွေကို အိပ်ရာဘေးရှိစားပွဲလေးပေါ်တင်လိုက်သည်။ ထိုပစ္စည်းတွေကို တစ်ချက်ကြည့်ပြီး တစ်ယောက်သောသူကို တစ်ဖန်ပြန်ကြည့်မိတော့ ခုန်အုပ်ချင်စိတ်တွေ တဖွားဖွားဖြစ်နေသေးပြန်သည်။ သူမတတ်နိုင်ဘဲ တိတ်တဆိတ်သက်ပြင်းချရင်း အပြုမူတွေကိုထိန်းချုပ်လိုက်ရသည်။

သူဂရုမစိုက်တာကိုမြင်တော့ ချီလဲ့လည်း စိတ်သက်သာရာရသွားပြီး အနှီပစ္စည်းတွေကို အံဆွဲထဲသို့ပစ်ထည့်လိုက်သည်။ ချီလဲ့က ကုပိုင် အိပ်ရာပေါ်တက်လာသည်ထိစောင့်၍ မီးပိတ်ပြီးမှ အိပ်ရာဆီသို့ အမှောင်ထဲတွင် ပြန်လျှောက်လာခဲ့သည်။ ရိဟန်းဆိုတဲ့အရူးကောင်လည်း ပြန်မလာလောက်တော့ဘူးလို့ သူ့ဘာသူတွေးနေမိသည်။ နောက်ဆုံးတော့ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ရတော့မယ်။ သူ ကျေနပ်စွာနှင့် မျက်လုံးတွေကိုမှိတ်လိုက်ပြီး အိပ်ရန်အသင့်ပြင်လိုက်သည်။ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေနေတွင် သူ့အား တင်းတင်းဖက်လိုက်သည်ကိုခံစားလိုက်ရပြီး ထိတ်လန့်သွားမိသည်။ “…. ကုပိုင်?”

ကုပိုင်က သူ့ကို ထပ်ပြီးဖက်ထားခွင့်ရသည့်အတွက် စိတ်အခြေနေကောင်းနေခဲ့သည်။ သူက ချီလဲ့အားဖက်ထားသည့်အားကိုတိုးပြီး စိတ်ကျေနပ်စွာနှင့် အိပ်လိုက်တော့သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now