အခန်း ( ၂၁ ) အိပ်ချင်ယောင်ဆောင်

647 111 10
                                    

ကုပိုင်က ပက်လက်လှဲအိပ်နေခဲ့ပြီး မျက်နှာကိုတော့ ဘေးသို့ အနည်းငယ် လှည့်ထားလေသည်။ နွေးထွေးသည့်မီးရောင်အောက်တွင် သူ၏မျက်နှာသွင်ပြင်က ချောမွေ့နေသယောင်။ အရမ်းချောတယ်။ ထိုအခိုက် သူ့မျက်လုံးတွေပိတ်ထားပေမဲ့ အိပ်ပျော်နေသလား၊  ပျော်မနေဘူးလားဆိုတာကိုတော့ ပြောရခက်သည်။

ချီလဲ့က သူ့ကိုကြည့်လိုက်ပြီး ဖက်လုံးဘေးမှသော့ကိုလည်း တစ်ချက်ကြည့်လိုက်သည်။ သူခဏလောက်တုံ့ဆိုင်းနေပေမဲ့ တစ်ကြိမ်လောက်ထပ်ပြီး အစမ်းခေါ်ကြည့်လိုက်သည်။ “ကုပိုင်ရေ”

ကုပိုင်ရဲ့မျက်ခွံ့တို့ လှုပ်သွားပေမဲ့ မျက်လုံးပွင့်မလာခဲ့ဘဲ အိပ်ချင်မူးတူးနှင့်သာ ပြန်ဖြေခဲ့သည်။ “ဟင်?”

“ဘာမှမဟုတ်ဘူး၊ အိပ် အိပ်” ချီလဲ့က သူအနည်းငယ်အမူးပြေလာတာကိုမြင်တော့ သော့ခိုးချင်စိတ်ကို ယာယီချိုးနှိမ်ထားရတော့သည်။ သူ ကုပိုင်ကို ဖိနပ်နှင့် ခြေအိတ်တွေချွတ်ပေးလိုက်ပြီးနောက် အင်္ကျီပါချွတ်ကူရင်း ရင်ထဲမှာ သက်ပြင်းချနေမိသည်။ ဒီလူက အမြဲတမ်း လေ့ကျင့်ခန်းလုပ်တွေလုပ်ကာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားပြီး လူမှန်းမသိအောင်လည်း မူးရူးမနေခဲ့ဖူးပါ။ သူ မပွားဘဲမနေနိုင်တော့ပါ။ “ဘာလို့ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေရတာလဲ၊ ငါတို့က အနာဂတ်ကိုပဲကြည့်သင့်တယ်၊ မင်းရဲ့ခန္ဓာကိုယ်ကို အသက်ငယ်ငယ်မှာမဖျက်ဆီးနဲ့၊ ကျန်းမာရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိ.. အိုင်း၊ လောင်ဇစ်ကိုတောင် မင်းနဲ့အတူခံစားရအောင်လုပ်နေသေးတယ်..”

ကုပိုင်က သူ့ရဲ့ အလွန်ပြင်းထန်လှသည့် ပွက်စီပွက်စီအသံတွေကိုနားထောင်နေခဲ့ပြီး နှုတ်ခမ်းစွန်းတို့မြင့်တက်ချင်နေသည်ကို ထိန်းထားရသည်။ သူမျက်လုံးဆက်မှိတ်ထားပြီး ဝန်ဆောင်မှုကိုမွေ့လျော်နေလိုက်ကာ ချီလဲ့က  သူ့အဝတ်တွေချွတ်နေတာကြောင့် လက်မြှောက်ပေးရစဉ်မှာ စိတ်ရှုပ်ထွေးသယောင် ဟန်ဆောင်လိုက်သေးသည်။ ထို့နောက် ချီလဲ့ သူ့ခါးပတ်ဖြုတ်နေသည်ကိုသတိထားမိလိုက်ပြီး ချက်ချင်းလက်ငင်း အသက်ရှုအောင့်လိုက်မိသည်။ သူ့စိတ်အစဉ်တို့ အရိုင်းဆန်လာခဲ့ပေမဲ့ သူ့ကိုယ်သူလွတ်ထွက်သွားမှာစိုးတာကြောင့် လှုပ်ရှားနေသည့်စိတ်တို့ကို အလျှင်အမြန် ဖိနှိပ်လိုက်ရသည်။ ဒီလိုဆိုလျှင်တောင် စိတ်ဆန္ဒတို့သောင်းကျန်းနေသည်ကို ခံစားနေမိသည်။ ထို့နောက် ဖုန်းမြည်သံကိုကြားလိုက်ရပြီး သူ့ဖုန်းမဟုတ်တာကိုသိလိုက်တော့ ဆက်၍ တိတ်တဆိတ် လှဲလျောင်းနေလိုက်သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now