အခန်း ( ၁၃ ) ၁၃ - ၁

699 114 10
                                    

လူနာဆောင်က ဖရိုဖရဲဖြစ်နေခဲ့ပြီး ယဲ့ရွှေ့ချွမ်သည်လည်း အလွန်အင်မတန် ဒေါသထွက်နေခဲ့သည်။ ချီလဲ့အတွက်သာမဟုတ်လျှင် သူလည်း ဒါရိုက်တာကို ချက်ချင်း သွားရှာပေးမှာမဟုတ်ပါ။ တာအိုဆရာနှင့် ရိဟန်းတို့က လူချင်းခွာလိုက်ကြသည်။ တာအိုဆရာက အိပ်ရာဆီပြန်သွားခဲ့ပြီး လူအုပ်ရဲ့မျက်စိရှေ့မှာတင် ထိုင်ချလိုက်သည်။ ရိဟန်းတစ်ယောက် ဖြူဖျော့ပြီး သူ့အိပ်ရာသူပြန်သွားဖို့တောင် ကြောက်လန့်နေစဉ်မှာ သူကတော့ တောင်တစ်လုံးလို ငြိမ်သက်နေခဲ့သည်။ ရိဟန်းခဗျာ တုန်ယင်နေရင်းက တိုင်းရင်းဆေးတစ်ခွက် သောက်လိုက်သည်။ ထို့နောက် မှိုလေးလို ချောင်ကပ်ပြီးကျုံ့နေခဲ့သည်။ ကြည့်ရသည်မှာလည်း စိတ်ဓာတ်ကျနေပုံပင်။

“စိတ်အေးအေးထား…” ချီလဲ့က ယဲ့ရွှေ့ချွမ်းကို သူ့အိပ်ရာဆီဆွဲခေါ်သွားပြီး သူ့ဒေါသတွေ လျော့လိုလျော့ငြား ရင်ဘတ်ကို ပုတ်ပေးလိုက်သည်။

“ငါက ဘာကိစ္စ စိတ်အေးအေးထားရမှာလဲ” ယဲ့ရွှေ့ချွမ်းက သူ့ကို အပေါ်အောက် စုန်ဆန်ကြည့်ကာ သူအဆင်ပြေနေတာကို တွေ့တော့မှ ချက်ချင်း ထပြန်လိုက်သည်။ “ငါ ဆေးရုံဆင်းဖို့ကိစ္စတွေ သွားလုပ်လိုက်ဦးမယ်၊ မင်း ဒီမှာ နည်းနည်းလေး‌တောင် ထပ်မနေသင့်တော့ဘူး၊ အိမ်ပြန်ပြီး နားကြရအောင်”

ကုပိုင်က ခေါင်းညိတ်လိုက်သည်။ အလွန် ကျေနပ်နေဟန်နှင့် “အကြံကောင်းပဲ”

ချီလဲ့ခဗျာ ချက်ချင်းလက်ငင်း လှုံ့ဆော်ခံလိုက်ရသည်။ “ဟင့်အင်း၊ ငါထပ်ပြီး ခေါင်းထိထားတယ်လေ၊ တကယ်လို့ ခေါင်းထိထားတာကြောင့် အတွင်းပိုင်းမှာ သွေးယိုနေရင်ရော၊ ဆရာဝန်က အနည်းဆုံးတော့ တစ်ရက်လောက် ထပ်ပြီး စောင့်ကြည့်သင့်တယ်၊ တစ်ရက်လောက်ပါပဲ”

ယဲ့ရွှေ့ချွမ်းလည်း ဒါကို ကျိုးကြောင်းဆီလျော်သည်လို့ တွေးမိသည်။ ဝမ်းနည်းနေရမှာထက်စာလျှင် ဘေးကင်းတာက ပိုမကောင်းပေဘူးလား။ သူက ဘေးမှယောက်ျားနှစ်ယောက်ကို အေးစက်စက် အကြည့်တစ်ချက်ပေးရင်း “ဒါပေမဲ့ သူတို့တွေ…”

ချီလဲ့က တုံ့ဆိုင်းစွာနှင့် ရှင်းပြလိုက်သည်။ “ဒါက အထင်လွဲနေတာပါ”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now