၈-၂

699 115 9
                                    

နှစ်ယောက်သား အိမ်ရာအဝင်ဂိတ်ကို လျှောက်လာရင်း ချီလဲ့က ပြောစရာ စကားစရှာနေခဲ့ပေမဲ့ သူ တစ်ယောက်တည်း စကားပြောရသည်နှင့် အဆုံးသတ်လေသည်။ ရှောင်ယင်က စိတ်အခြေနေ မကောင်းပဲ ရံဖန်ရံခါမျှသာ တုန့်ပြန်သည်ကြောင့်ပင်။ သူမက မည်သည့် စိတ်မရှည်မှုကိုမျှ မပြသည်ကို တွေ့လျှင် ချီလဲ့က ရုတ်ချည်းပင် ခံစားချက် အပြည့်နှင့် သက်ပြင်း ချလိုက်သည်။ သူ့ချစ်သူ ကောင်မလေးက တကယ်ကို ညင်သာ ကြင်နာတတ်တာပဲကိုး။

သူတို့က ရေကန်ငယ်လေးကို ကျော်၍ မိန်းဂိတ်ကို ရောက်ခါနီးတွင် ညာဘက် လမ်းလေးမှ ပြေးလာနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အကြည့် တစ်ချက်မှာပင် ထိုသူမှာ ရှောင်ယင်ရဲ့ သူငယ်ချင်းမှန်း သိနိုင်လေသည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်တွင် အစီစဉ်ရှိပုံရသည်။ ထိုလူက သူတို့ဘက်ကို မြန်မြန် လျောက်လာနေသည်။ "ငါလာပြီ၊ သွားကြရအောင်.......အာ၊ ရှင်က?" သူမက ချီလဲ့ကို ကြည့်ပြီးရုတ်တရက် လက်ခုပ်တီးကာ "ရှင်က ကျန်းရှောင်ယွမ်၊ ဟုတ်တယ်မလား" 

ချီလဲ့ : “……”  

ချီလဲ့ ယဲ့ရွှေ့ချွမ်းပြောပြ၍ မူလကိုယ် မည်သည့် တက္ကသိုလ်တွင် တက်နေကြောင်း သိထားသည်။ ဒီအမျိုးသမီးနှင့် တစ်ခန်းတည်း မဟုတ်၍ အခန်းဖော် မဖြစ်နိုင်ပေ။ သို့ပေမဲ့ သူမက သူ့ကို သိသိသာသာကြီးကို သိနေလေရာ ရုတ်တရက် မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။

"တကယ်ကို ကျန်းရှောင်ယွမ်ပဲ၊ အာ" သူမက ရှေ့သို့ တိုးလာခဲ့သည်။ 

ရှောင်ယင်က အံ့ဩနေခဲ့သည်။ "နင်တို့ အချင်းချင်း သိကြတာလား" 

"မဟုတ်ပါဘူး၊ ငါ သူ့အကြောင်း ကြားဖူးတာ၊ အဲ့ဒီတော့ နင်" သူမက အသံကို နှိမ့်လိုက်ပြီး "နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အဲ့ဒီ ဝန်ခံတဲ့ ဖြစ်စဉ်ကို မှတ်မိပြီလား"

ရှောင်ယင်က ရုတ်တရက် သဘောပေါက်သွားသည်။ "အိုး၊ အဲ့ဒါက သူပေါ့"

“….” ချီလဲ့က သူ့ကို တခြားမိန်းမတစ်ယောက်က မျက်လုံးတောက်တောက်များနှင့် ရုတ်ရက်ကြည့်နေ၍ သူက ပို၍ပို၍ စိတ်ထင့်လာသည်။ “ရှင်နဲ့ ရှင်ကြိုက်တဲ့တစ်ယောက်နဲ့ ဘယ်လိုတွေဖြစ်သွားပြီလဲ”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now