၁၄ - ၂

671 101 22
                                    

" ငါ့ရဲ့ဖန်တီးနိုင်စွမ်းတွေ ဘယ်မှာလဲ၊ အကြံဉာဏ်တွေ ဘယ်မှာလဲလို့..." ချီလဲ့က ထိုသို့ရေရွတ်လိုက်ပြီး ကင်းဗတ်စကို အလျင်စလိုနိုင်စွာဖြင့် ဝိုင်းကြီးပတ်ချာလှည့်နေသည်။ သို့ပေမဲ့ ထိုအခိုက်မှာပဲ ရင်းနှီးနေသည့် ဒေါသတကြီးအော်သံကိုကြားလိုက်ရတော့ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ တစ်ယောက်ယောက်က ယဲ့ရွှေ့ချွမ်းနှင့်ဖုန်းပြောရင်း သူ့အခန်းဆီ‌လျှောက်လာနေသံကိုကြားတော့ သူက ပန်းချီဆွဲသည့်ကင်းဗတ်စကိုကြည့်ရင်း ဒေါသပုန်ထမိတော့သည်။

"သူတို့က ငါ့ကို သေအောင်တွန်းအားပေးနေကြတာပဲ၊ အား..."

ချီလဲ့ရဲ့အသံက ဖုန်းလိုင်းမှတစ်ဆင့် တခြားတစ်ဖက်သို့ကူးပြောင်းသွားပြီး ယဲ့ရွှေ့ချွမ်းရဲ့အမူရာကို အကြီးကျယ် ပြောင်းလဲသွားစေ‌သည်။ ယဲ့ရွှေ့ချွမ်းက မိန်းမဆန်ဆန်တစ်ယောက်ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်သည်။ ထို့နောက် နှစ်ဦးသား ဖုန်းအမြန်ချကာ ပြေးထွက်သွားကြလေသည်။ ကျန်သူများ သူတို့နောက်လိုက်မည်လုပ်တော့ သူတို့နှစ်‌ယောက်ရဲ့ တားဆီးခြင်းကိုခံလိုက်သည်။ သို့ဆိုတော့ သူတို့အနေနှင့် အခြေနေသိရဖို့ စောင့်နေရုံသာတတ်နိုင်တော့သည်။

ချီလဲ့က အချိန်ကြာကြာ ရုန်းကန်နေခဲ့ရသည်။ အချိန်တိုတွင်း ပန်းချီဆွဲလို့မရနိုင်သည့်အပြင် ပစ္စည်းပစ္စယတို့ကိုလည်း ဒီလူတွေမြင်သွားလို့မရပေ။ သို့မဟုတ်ဘဲ ကုပိုင်သိသွားလျှင် သူ့ကိုယ်သူ ဖော်ပြလိုက်သလိုဖြစ်သွားလိမ့်မည်။ ချီလဲ့က ပစ္စည်းဝှက်ဖို့ အပေါ်အောက် နေရာအနှံ့လိုက်ရှာနေသည်။ သူပစ္စည်းဝှက်လို့အပြီးမှာပဲ ဧည့်ခန်းထဲမှ ဆူဆူညံညံအသံတို့ကို ကြားလိုက်ရသည်။ သူသက်ပြင်းချရင်း တံခါးဖွင့်ရန် လျှောက်သွားခဲ့သည်။

ယဲ့ရွှေ့ချွမ်းနှင့် မိန်းမဆန်ဆန်တစ်ယောက်တို့က တံခါးကို ဘမ်းခနဲမြည်အောင်ကန်ဖွင့်ကာ အခန်းထဲသို့ အတူတကွ ချီတက်လာခဲ့ကြသည်။ မိန်းမဆန်ဆန်တစ်ယောက်က ဖုန်းဖွင့်ထားတုန်းဖြစ်ပြီး အဖြစ်အပျက်တစ်ခုလုံးကို live လွှင့်နေလေသည်။
"ငါတို့ အခုလေးတင်ပဲ တံခါးကို ကန်ဖွင့်လိုက်ပါပြီ …”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now