အခန်း ( ၅ ) ၅ - ၁

933 164 2
                                    

ရိဟန်းနိုးလာတော့ ညရောက်နေပြီဖြစ်ပြီး ခေါင်း
ကိုက်တာလည်း သက်သာလာခဲ့သည်။ တစ်ယောက်သောသူက တစ်နေရာကို ငေးကြည့်နေသည်ကို သူတွေ့လိုက်ရပြီး ထိုသူ့ရှေ့ လက်ဝှေ့ယမ်းလိုက်သည်။ ချီလဲ့က သတိပြန်ဝင်လာပြီး "မင်းနိုးပြီလား၊ ဒီနေ့ မင်းကိုလာပြီးအဖော်ပြုမဲ့သူမရှိဘူးလား၊ ငါက မင်းမှာမိသားစုဝင်အများကြီးရှိတယ်ထင်တာ၊ သူတို့က မင်းကိုကြောက်လန့်သွားကြတာလား"

"မဟုတ်ဘူး၊ မစ္စတာအထက်တန်းစားပြောတာ
တော့ သူငါ့ကို အနာဂတ်မှာ ဂရုစိုက်ပေးမယ်တဲ့၊ အဲ့ဒါကြောင့် သူတို့(မိသားစုဝင်)တွေ ပြန်ပြီးအနားယူနေကြတာဖြစ်မှာပေါ့"

ချီလဲ့မှတ်မိလိုက်တာက ဒီလူက မစ္စတာအထက်
တန်းစားရဲ့ ပြင်းပြင်းထန်ထန်ထိုးတာကိုခံခဲ့ရသည်ကိုပင်။ ရုတ်တရက်ကြီး သူ့ကိုစာနာမိသည်။
"ကံကောင်းပါစေ"

ရိဟန်းလည်း ငိုချင်သွားသည်။ "ငါသူ့ကို တကယ်မမြင်ချင်ဘူး၊ သူက လူအရေခြုံထားတဲ့သားရဲကြီး"

သူလှိမ့်လိုက်ပြီး ချီလဲ့ငေးငိုင်နေပြန်သည်ကိုကြည့်လိုက်သည်။ "မင်း ဘာဖြစ်နေတာလဲ "

ချီလဲ့ သက်ပြင်းချလိုက်သည်။ "ကိုလူကြမ်း"

"ဟမ်"  

"ငါသေသွားပြီတဲ့"

ရိဟန်း စက္ကန့်ပိုင်းလောက်အေးခဲသွားပြီးနောက် မတ်မတ်ထိုင်လိုက်သည်။ "မင်း.... မင်းအပေါ်ထပ်ကိုသွားခဲ့တာလား"

ချီလဲ့ ခေါင်းညိတ်လိုက်သည်။ သူ ၆ လွှာကနေပြန်ရောက်တာကြာပြီဖြစ်ပြီး စိတ်ငြိမ်ဖို့အချိန်အတော်ကြာယူလိုက်ရသည်။

"ခွဲစိတ်မှုမအောင်မြင်ခဲ့ဘူး၊ ပြီးတော့လွန်ခဲ့တဲ့ ၁၀ ရက်ကပဲ ငါသေသွားခဲ့ပြီ" သူက ခဏနားပြီး
"ငါ့အချစ်ဆုံးသူငယ်ချင်းကို ဖုန်းခေါ်ခဲ့တယ်"  

ရိဟန်းက မယုံနိုင်ဖြစ်နေသည်။
"မင်းရူးသွားပြီလား၊ မင်းဘာပြောခဲ့သေးလဲ၊သူကရော ဘယ်လိုတုံ့ပြန်လဲ"  

ချီလဲ့က ကုတင်ခေါင်းမှီကိုမှီလိုက်ပြီး
"ငါနည်းနည်းစိတ်ထိခိုက်နေခဲ့တာ၊ တစ်ယောက်
ယောက်ကိုစကားပြောဖို့ရှာချင်ခဲ့တာ၊ ငါဘာလုပ်နေတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာ ဖုန်းကခေါ်ပြီးနေပြီ၊ ငါဘာပြောရမှန်းမသိလို့ စကားမပြောခဲ့ဘူး၊ သူလည်း ပြန်ဖြေသံမကြားတော့ ဖုန်းချသွားတယ်"

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now