၁၁ - ၂

694 117 26
                                    

“စာက ငါ့အိပ်ခန်းထဲမှာ၊ ငါ ခွဲစိတ်ခန်းမဝင်ခင် သူပေးခဲ့တာ”

‘ခွဲစိတ်ခန်းဝင်’ ဆိုသည့် စကားထွက်လာလာချင်း ရိဟန်းနှင့် တာအိုဆရာတို့က ချက်ချင်း ရေရွတ်လိုက်ကြသည်။ “အိုး~~” ဆိုတော့ ဒီကိစ္စက ‘အရင်ဘဝ’ နှင့် ပတ်သက်နေသည်ပင်။

ချီလဲ့ : “…”

ကုပိုင်က စာမှာသာအာရုံစိုက်ထားတာကြောင့် သူတို့ပြောသမျှကို နားထောင်ချင်စိတ်ရှိမနေပေ။ သူက ချီလဲ့ကိုစိုက်ကြည့်ရင်း “မင်း လိမ်နေတာတော့ မဟုတ်ဘူးမလား”

“ငါက ဘာလို့လိမ်ရမှာလဲ၊ မင်း သူ့လက်ရေးကို မှတ်မိတယ်မလား”

ကုပိုင်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ လက်ရေးတူတဲ့သူတွေလည်း ရှိတာပဲလေ”

ချီလဲ့က ခဏလောက်စဉ်းစားပြီးနောက် အံကိုကြိတ်ကာ “လက်ရေးတူတယ်ဆိုရင်တောင် ငါ့ဆီမှာ ပန်းချီကားရှိနေသေးတယ်၊ အဲ့ဒီပန်းချီကို သူဆွဲထားတာ၊ သူ့ရဲ့ သူမတူတဲ့လက်မှတ်လည်းပါတယ်၊ သူက မင်းကိုပေးချင်ခဲ့တာ၊ ဒါကြောင့် ငါ့ဆီမှာအပ်ထားခဲ့တာ၊ ဒါကတော့ အတုမဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား”

ဒါကိုကြားတော့ ကိုပိုင်က ချက်ချင်း ကြောင်အသွားသည်။ သူက အော်လိုက်သည်။ “ငါ့ကိုပေးစမ်း”

ချီလဲ့က ရိုးသားဖိုးသခွားရုပ်လေးဆင်မြန်းကာ “ငါဆေးရုံဆင်းတဲ့ထိစောင့်ဦး”

ကုပိုင်က နည်းနည်းလေးမှ မစောင့်နိုင်တော့ပေ။ သူက စာထဲတွင် ဘာတွေရေးထားမည်လဲလို့ သိချင်နေပြီ။ ချီလဲ့ကိုသာ စူးစူးစိုက်စိုက်ကြည့်ကာ “မင်းသူငယ်ချင်းကိုခေါ်ပြီး သွားယူခိုင်းလိုက်လေ”

“သူတို့လည်း ငါဘယ်မှာသိမ်းထားမှန်းမသိကြဘူး၊ ငါ သူတို့ကို ပြောပြမထားဘူး၊ ဒါကြောင့် သူတို့ ရှာတွေ့မှာမဟုတ်ဘူး၊ ငါကိုယ်တိုင်ရှာမှရမှာပါ” ချီလဲ့က သူ့ကို စိတ်ရင်းနှင့်ကြည့်ကာ “တကယ်ပြောတာ၊ ငါ ဆေးရုံဆင်းတာနဲ့ မင်းဆီပို့ပေးလိုက်မယ်”

“ဒါဆိုလည်း မြန်မြန်ဆင်း”

“ဒါတော့မဖြစ်နိုင်ဘူး၊ ငါ့သူငယ်ချင်းက ငါ ဆေးရုံဆင်းဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေလုပ်ပြီးပေမဲ့ ငါက နောက်တစ်ခါ ခေါင်းထိသွားတာမလို့ ရက်နည်းနည်းထပ်နေရတော့မှာ…”ချီလဲ့က ကုပိုင်ရဲ့အမူရာကို တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်သည်။ “ငါ မင်းဆီ ၂ ရက်အတွင်းပို့လိုက်မယ်ကွာ၊ ၂ ရက်အတွင်း”

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now