နင်းရှောင်ရဲ့ ဘယ်ဘက်မျက်လုံးထောင့်မှာ ပြီးခဲ့သည့်တစ်ခေါက် အရိုက်ခံရစဉ်ကရခဲ့သည့် ပွန်းပဲ့ဒဏ်ရာတို့ ရှိနေသေးသည်။ သူက ချီလဲ့ကို ကြည့်လိုက်သည်။ ဒီလူရဲ့ ပြောပုံဆိုပုံတွေဟာ အရင်ကနှင့် တစ်နည်းနည်းဖြင့် မတူတော့ပေမဲ့ ဒီစကားတွေကို ပြောလာပုံထောက်လျှင် သူပြန်မှတ်မိသွားလို့ပဲဖြစ်ရမည်။ နင်းရှောင်က ရင်းနီးနေကျ မနှစ်မြို့ဖွယ်ခံစားချက်ကို ရလိုက်သည်။ သူက တစ်စက္ကန့်လောက်တောင် ထပ်မနေချင်တော့။ သူက နေကာမျက်မှန်ကိုကောက်ကာ ထွက်သွားလေသည်။ "တိုက်ခန်းကို သန့်ရှင်းရေးလုပ်ပေးခဲ့၊ ဒီအဝတ်တွေလည်း လျှော်ပေးခဲ့၊ ငါညပြန်လာတာနဲ့ မင်း အခန်းထဲမှာ ပုန်းရင်ပုန်းနေ၊ မဟုတ်ရင် အထုပ်ပြင်ပြီးသာ ထွက်သွားတော့၊ ငါ အခုချိန်မှာ မင်းမျက်နှာကို မမြင်ချင်ဘူး"
[t/n : ဒီ...သတ္တဝါလေးကတော့]ကလေးမျက်နှာနှင့်ကောင်လေးက နင်းရှောင်နောက်သို့ လိုက်သွားချင်ပေမဲ့ ခုနလေးတင် ချီလဲ့ပြောတာတွေကို သတိရမိတော့ စိတ်မကောင်းဖြစ်မိသည်။ သူက ချီလဲ့ကို မလုံမလဲကြည့်ကာ "ရှောင်ယွမ်ကော၊ ကျွန်တော် တောင်းပန်ပါတယ်" ထို့နောက် ထွက်သွားခဲ့သည်။
အခု သူတို့က အိပ်ခန်း ၂ ခန်းပါသည့် တိုက်ခန်းတွင် နေကြသည်။ ချီလဲ့က ဧည့်ခန်းရှိဆိုဖာရှည်ပေါ်တွင် ထိုင်ရင်းက ယဲ့ရွှေ့ချွမ်းရဲ့အင်္ကျီကော်လံကို ဆွဲထားသည်။ သူက အချိန်အတော်ကြာသညိထိ ဒီပုံစံအတိုင်း ဆက်နေခဲ့သည်။ သူက တံခါးဘက်ကို ငေးကြည့်ရင်း "သူတို့က ဘာဖြစ်နေတာလဲ၊ သူတို့ခေါင်းကို တစ်ယောက်ယောက်က ကန်သွားလို့လား"
မိန်းမဆန်ဆန်တစ်ယောက်က လောင်းကစားပွဲအခြေနေကို ဂေးအသိုင်းဝိုင်းတစ်ခုလုံးဆီ သတင်းပို့မည့်ဆဲဆဲမှာ ချီလဲ့ရဲ့ စကားတွေကို ကြားလိုက်ရသည်။ သူက သူ့ဖုန်းကို ဘေးသို့ပစ်လိုက်ပြီး ချီလဲ့တို့ကို ဘေးမှ ရပ်ကြည့်နေလိုက်သည်။ ယဲ့ရွှေ့ချွမ်းက တအံ့တဩ မေးလာသည်။ "ရှောင်ယွမ်၊ မင်း ဘယ်လောက်ထိ မှတ်မိပြီလဲ"
ချီလဲ့က သူ့ကို ယစ်မူးရီဝေနေသည့် မျက်လုံးတွေနှင့် ကြည့်လိုက်ပြီး "ကော၊ ကျေးဇူးပြုပြီး အရှုံးပေးလိုက်ပါတော့ကွာ၊ ဒီဘဝတော့ အကုန်လုံးကို ပြန်မမှတ်မိနိုင်တော့ပါဘူး၊"
YOU ARE READING
ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)
Romanceသူသေသွားပေမဲ့ ဘုရားသခင်ကနောက်ထပ်အခွင့် အရေးတစ်ခုအနေနဲ့ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းခွင့်ပေးခဲ့ပါတယ် အမှိုက်ကောင်တစ်ကောင် ရဲ့ခန္ဓာဆိုပေမဲ့ပေါ့ Total Chapters - 73 Chapters(completed) Author Name - A Lifetime Of Beautiful Clothes 一世华裳 T...