၇ - ၂

772 136 16
                                    

ချီလဲ့က သန့်စင်ခန်း အသုံးပြုပြီး၍ အပြင်သို့ ခြေလှမ်း ခါနီးတွင် ရုတ်ချည်း အေးခဲ သွားတော့သည်။သူကခဏ
မျှ တိတ်ဆိတ် နေပြီးနောက် လက်ကို ဆန့်ထုတ်၍တံခါး
ဘောင်ကို စမ်းကြည့်ခဲ့သည်။ရိဟန်း လှည့်ကြည့်  လာခဲ့
လျှင် ချီလဲ့က ရင်းနှီး နေသည့် အဆောင်ကို   ကိုင်ထား ကြောင်း မြင်သွားသည်။ သူက ချက်ချင်းပဲ ကြောက်
လန့် တကြား ထအော်လေသည်။
"မင်း သေတာ့မယ်၊ မင်းတော့ သေပြီ၊ မင်း အခိုး အငွေ့
လို ပျောက်သွားတာ့မယ်"

"အဓိပ္ပာယ် မရှိတာတွေကို တော်လိုက်စမ်း"
ချီလဲ့က ဖြတ် ပြောလိုက်သည်။

"တကယ်လို့ ဒီပစ္စည်းတွေသာ အစွမ်းထက် နေရင်
ငါတို့ တံခါးကနေ စ ဝင်ကတည်းက ကိစ္စပြတ်တာ
ကြာပေါ့"

သူက အဆောင်ကို ‌ဘောလုံး ကဲ့သို့ ‌လုံးခြေ၍ အမှိုက်ပုံး ထဲသို့ ပစ်ထည့်လိုက်သည်။ သူ့ဘာသာ တွေးနေသည်။
'အဲ့ဒီ သောက်ကျိုးနည်း နတ်ဆရာ အတုတော့ ငါ့ရှေ့
ထပ်ပေါ် မလာရင် ‌ကောင်းမယ်၊ မဟုတ်လို့ ကတော့ လောင်ဇီက လွှတ်ပေးမှာ မဟုတ်ဘူးကွ'

နှစ်ယောက်သား အခန်းဆီ ပြန်လာရာ အဆောင်ထဲတွင်
ရှိနေသည့် လူငယ်များကြောင့် အံ့အားသင့် သွားရသည်။သူတို့က ယခုအချိန်မှာ ကုတင် အလွတ်ကို ဝိုင်းအုံနေ ကြ
သည်။ သိသာစွာပင် လူနာ နောက်ထပ် တစ်ယောက်
ဆေးရုံ လာတက်ခြင်းပင် ဖြစ်သည်။

ချီလဲ့က လူအုပ်ကြားရှိ အဟမှ လှမ်းကြည့်ကာ မျက်ခုံး
ကြုတ်မိ လိုက်သည်။ကုတင်ပေါ်တွင် လှဲ‌လျောင်း နေသူ
မှာ လူငယ် တစ်ယောက်ဖြစ်ပြီး ခေါင်းတွင် ပတ်တီးနှင့် ဖြစ်သည်။သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မေ့မြောနေဆဲ ဖြစ်သည်။ဒါသည် အဓိကအချက် မဟုတ်။ အဓိကအချက်မှာ ဒီလူဟာ ကျောင်းသား ကော်မတီရဲ့
ဥက္ကဌ ဖြစ်နေခြင်းပင်။သူတို့ချင်း စကားမပြောဖူး‌ ပေမဲ့
လည်းဒီလူကို တော်တော်များများက သိကြရာ သူလည်း
ပဲ ထိုသူကို သိသည်။ဒါက ကျောင်းဖွင့်ချိန် မရောက်သေး
တာ ကြောင့် ဒီလူတွေက နွေရာသီ အားလပ်ရက်တွင်။
ကျောင်း အဆောင်မှာ နေသည့် သူတွေဖြစ်ရမည်။ဘယ်လိုပင် ဖြစ်ဖြစ် ချီလဲ့က သူ မသေဆုံးခင်က သူတို့
နှင့် သူငယ်ချင်း မဟုတ်ခဲ့။ သူသေဆုံးပြီး နောက်မှာလည်း သူတို့နှင့် ဘယ်လို ဆက်ဆံရေးမျိုးမှ ရှိရန် မဖြစ်နိုင်တော့
ပေ။သူက သူ့စောင်သူ ခြုံ၍ တစ်ဖက်လှည့်ကာ အိပ်လိုက်
တော့သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now