အခန်း ( ၃ ) ၃ - ၁

1.3K 197 11
                                    

ချီလဲ့က အချိန်အကြာကြီး မေ့မသွားပဲ အိပ်ရာသို့
သယ်ဆောင်ခံရစဉ်မှာ နိုးလာခဲ့သည်။သူ့ခေါင်းက
အနည်းငယ်ဝေဝါးနေဆဲဖြစ်ပြီး သူဝိုးတဝါးမှတ်မိ
တာက လူအုပ်ကြီးဝန်းရံလျှက်နှင့်သူ့ကိုဆရာဝန်မှစစ်
ဆေးပေးခဲ့ခြင်းဖြစ်ပြီးသူတို့ရုပ်တွေနှင့်သူတို့အသံကို
တော့ဘယ်သူဘယ်ဝါရယ်လို့သူမပြောနိုင်ပေ။သူခံစား
ရသည်ကတော့သူ့ခေါင်းမှပေါက်ကွဲထွက်မတတ်နာ
ကျင်မှုသာဖြစ်ပြီး သူမတတ်နိုင်ပဲ နောက်တစ်ကြိမ်
မျက်လုံးမှိတ်ထားရတော့သည်။ဒီတစ်ကြိမ်မှာတော့
သူ ခဏမျှသာသတိမေ့သွားလေသည်သူနောက်
ထပ်တစ်ကြိမ်မျက်လုံးဖွင့်ချိန်တွင် ဆရာဝန်မရှိတော့
ပေမဲ့လည်း ထိုလူတွေရှိနေတုန်းပင်ဖြစ်သည်။

ညှို့အားပြင်ပြင်းနှင့်လူကစိတ်လှုပ်ရှားစွာနှင့်မေးလာ
သည်။
"ရှောင်ယွမ်၊ ဘယ်လိုနေလဲ"

ချီလဲ့ရဲ့ဒေါသကမလျော့ပါးသေးပေ။သူ့အသံကအား
နည်းနေပေမဲ့ သူ့လေသံထဲမှရွံ့ရှာနေမှုကသိသာထင်ရှား
နေသည်။
"အဲ့ဒီနှာဘူးကောင်ဘယ်မှာလဲ၊သူ့ကို ဒီကထွက်သွားခိုင်း
လိုက်"

ညှို့အားပြင်းပြင်းနှင့်လူကနောက်လှည့်၍အားရဝမ်းသာ
စွာနှင့်
"မင်းကြားတယ်မလား၊ရှောင်ယွမ်ကမင်းကိုထွက်သွား
ခိုင်းနေတယ်"

နင်းရှောင်ကသူ၏မူလနေရာတွင် ရပ်နေဆဲဖြစ်သည်။
ရှုထောင့်အရ ချီလဲ့က သူ၏မျက်နှာတစ်ခြမ်းကိုသာမြင်
ရသည်။သူက ထိုသူ့မျက်နှာအမူအရာပြောင်းသွားခြင်း
နှင့်မည်သည့်မကျေမနပ်မှုကိုမှမတွေ့ရပေ။ထိုသူက
ချီလဲ့ကိုတစ်ချက်ကြည့်ပြီး တုံ့ဆိုင်းမှုအနည်းငယ်ပင်
မရှိပဲ နောက်လှည့်၍ထွက်သွားသည်။အားလုံးကထိုသူ ပူးပေါင်းပေးသည်ထင်ကြပေမဲ့ ထိုသူ့မျက်လုံးထဲမှ
အထင်မြင်သေးခြင်းအပြည့်နှင့်အကြည့်ကို ချီလဲ့ကရှင်း
ရှင်းလင်းလင်းမြင်လိုက်ရသည်။ထိုအကြည့်က သူချီလဲ့
ကိုနမ်းစဉ်ကအကြည့်နှင့်တစ်ထပ်တည်းဖြစ်ပြီး အမှိုက်
တစ်စကိုကြည့်နေသကဲ့သို့ပင်။

ချီးပဲ!...ချီလဲ့ကပိုပြီးတောင်ဒေါသထွက်လာတော့သည်။
ချီလဲ့က မွေးရာပါနှလုံးရောဂါခံစားခဲ့ရသော်လည်း ဘယ်
တုန်းကမှ သူ့ကိုယ်သူအသုံးမဝင်သည့်လူတစ်ယောက်
အဖြစ် မခံစားခဲ့ဖူးသလို အခုလိုလည်း အကြည့်မခံရဖူး
ပေ။သူ့နှလုံးသားထဲတွင် ထိုအကြည့်က မူလပိုင်ရှင်ကို
ရည်ရွယ်မှန်းသိသော်လည်း ဒီနေ့ကိစ္စများဖြစ်ပျက်ပြီး
နောက် ထိုသူ့အပေါ် သူ၏သဘောမကျမှုကကြီးထွား
လာခဲ့သည်။အနာဂတ်တွင်ထိုသူနဲ့ ရင်ဆိုင်ရန်ရှိလာလျှင်
‌တောင်မှ ထိုသူနဲ့သူငယ်ချင်းမလုပ်ရန်ဆုံးဖြတ်လိုက်
သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now