အခန်း ( ၆ ) ၆ - ၁

878 135 9
                                    

ယဲ့ရွှေ့ချွမ်းကသူ့ကို ပန်းသီးတစ်လုံးကမ်းပေးလိုက်ပြီး ကျန်တာကိုစားပွဲပေါ်တင်လိုက်သည်။
"အမှန်ပဲ၊ ငါသာမင်းကို လာမရှာခဲ့ဘူးဆိုရင် မင်း
ဆက်စောင့်နေခဲ့ဦးမှာ၊ မင်းကိုအဲ့လောက်ထိ တုံးမယ်
လို့မထင်ထားဘူး၊ မင်း သူပြောသမျှကို ယုံတာပဲ
လား"

ချီလဲ့ကအံ့အားသင့်သွားသည်။
"အဲ့ဒီနှာဘူးကောင်ကိုယ်တိုင် ငါ့ကိုပြောခဲ့တာလား၊ ဘာလို့လဲ"

ယဲ့ရွှေ့ချွမ်းကမျက်လုံးလှိမ့်လိုက်ပြီး
"သူနဲ့သူ့သူငယ်ချင်းတွေက ဘားမှာသောက်နေခဲ့ကြ
တာလေ၊ ပြီးတော့ 'ပုလင်းလှည့်' ဂိမ်းကိုကစားနေခဲ့
ကြတာ၊ ရူးကြောင်ကြောင် စိန်ခေါ်မှုတွေနဲ့ပေါ့၊ ပုလင်း
က သူ့ဘက်ကျသွားတာပဲ"

ဒီအဖြေကအလွန်ရက်စက်သည်။ချီလဲ့ကမေးသည်။
"အဲ့တော့ သူ့သူငယ်ချင်းတွေက သူ့ကိုစိန်ခေါ်ပြီး ငါ့ကိုနေထွက်တာကြည့်ဖို့မေးခိုင်းတာလား"

"ဟုတ်ပ၊နောက်ဆုံးတော့ မင်းလည်းတကယ်သွားခဲ့
တယ်၊ မင်းဦးနှောက်ကိုမသုံးနိုင်ဘူးလား၊ နင်းရှောင်
က နေထွက်တာကြည့်မယ့် လူစားမျိုးလို့ မင်းထင်
လား၊ ယဲ့ရွှေ့ချွမ်းက အသည်းကွဲသွားတဲ့အမူအရာ
နှင့်ကြည့်၍

သူမင်းကိုပြောပြီးတာနဲ့ မင်းထွက်သွားတော့တာပဲ၊ မင်းကအရမ်းကိုပျော်ရွှင်နေပြီးတော့ ဖုန်းတောင်ယူမ
သွားနိုင်ရှာဘူး၊ငါ့မှာမင်းကို၂ရက်ဆက်တိုက်ဆက်
သွယ်လို့မရခဲ့ဘူး၊ ငါနင်းရှောင်ကိုတွေ့တော့ သူက မင်းကိုဘာပြောခဲ့သလဲဆိုတာတောင်မေ့နေပြီ၊နောက်
ဆုံးတော့ သူ့ကိုဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူ့သူ
ငယ်ချင်းကပြန်‌သတိပေးခဲ့ရတာ"

"..."
ချီလဲ့က နှုတ်ခမ်းတင်းတင်းစေ့ဖို့ကိုအားမရှိတော့
ပေ။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါသူမဟုတ်ဘူးလို့ သူ့
ကိုယ်သူတိတ်တဆိတ်နှစ်သိမ့်လိုက်ရသည်။ပြီးတော့
လည်း ဆေးရုံကဆင်းလျှင် သူကအရင်အစပြု၍ နင်းရှောင်နှင့်ပတ်သက်စရာလည်းမရှိပေ။အရေးကြီး
ဆုံးအချက်မှာ သူကအဖြောင့်ဖြစ်ပြီး မိန်းကလေး
များကိုသာနှစ်သက်သည်။ဒီအသိုင်းအဝိုင်းကြားက မည်သည့်ရန်ပွဲမဆို မကြာခင်မှာ သူနှင့်သက်ဆိုင်
တော့မည်မဟုတ်ပေ။ထိုသို့တွေးပြီးနောက်ပန်းသီး
ကို တစ်ကိုက်ကိုက်လိုက်သည်။

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now