၆ - ၂

803 131 20
                                    

ချီလဲ့က အနည်းငယ်စိတ်သက်သာရာရသွားပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

"သူငါ့ကိုမုန်းနေမှတော့ ငါ့ကို ဘာလို့ သူ့ဆီပြောင်းနေခွင့်ပေးတာလဲ၊ သူက ငါ့ကို သူဘယ်လောက်ရဖို့ခက်တဲ့လူဖြစ်ကြောင်းသိစေချင်ပြီး ဇာတ်လမ်းပြတ်သွားစေချင်တာလား"  

"မဟုတ်ဘူး၊ သူနဲ့စပ်တူတိုက်ခန်းငှားနေတဲ့တစ်
ယောက်က အတူနေဖို့လူတစ်ယောက်တွေ့သွားလို့ ပြောင်းသွားတာ၊ မူလက နင်းရှောင်လည်းတခြားအခန်းကိုငှားချင်ခဲ့တာ.. သူတိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရအောင်လေ၊ ဒါပေမဲ့ သူ့ရဲ့တိုက်ခန်းပါတနာက သူမပြောင်းခင်မှာ မင်းကို ဒီအကြောင်းပြောပြသွားတာ၊ အဲ့ဒီလိုနဲ့ နင်းရှောင်ဘာမှမလုပ်ရသေးခင်မှာပဲ မင်းက စာချုပ်အမြန်ချုပ်ပြီး အခန်းငှားခဲ့တာ၊ ငါမှတ်မိပါသေးတယ်၊ မင်းပျော်
လွန်းလို့ငိုနေခဲ့တာလေ"

 
"..."

ချီလဲ့ ပြောလိုက်သည်။ "မင်းငါ့ကို နောက်ကတစ်ခုပြောပြဖို့မလိုပါဘူး၊ ကျေးဇူး၊ ဒါနဲ့ အဲ့ဒီနှာဘူးကောင်ကရော ဘယ်လိုတုံ့ပြန်ခဲ့လဲ"

"သူက ဂရုကိုမစိုက်ခဲ့ဘူး၊ သူလုပ်ချင်တာတွေကို ဆက်လုပ်နေခဲ့တာ၊ နောက်တော့ မင်းက အိမ်ကို သန့်ရှင်းရေးလုပ်ပေး၊ ထမင်းချက်ပေး၊ သူ့အဝတ်တွေလျှော်ကူပေးတော့ သူလည်း သဘောမတူချင် တူချင်နဲ့ပဲ လက်ခံလိုက်ရတော့တာပေါ့၊ဘယ်လိုပဲဖြစ်ဖြစ် မင်းကတောင်းဆိုရတာဆို‌ပေမဲ့‌ပေါ့...."

ယဲ့ရွှေ့ချွမ်းက နှုတ်ခမ်းစူ၍ "ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ"

ချီလဲ့က သူ့ရင်ဘတ်သူပုတ်၍

"သူနဲ့အတူအိပ်တာထက်တော့ ကောင်းပါသေး
တယ်၊ အနည်းဆုံးတော့ လောင်ဇစ်က သူနဲ့လိင်ဆက်ဆံခဲ့မိတယ်ဆိုပြီး ရွံ့မနေရတော့ဘူးပေါ့.. နေပါဦး၊ မင်းပြောတော့ သူ့ကိုစိတ်ဝင်စားတဲ့သူတွေ ပြတ်လပ်မနေဘူးဆို၊ ငါရော ဒီအကြောင်းကိုသိခဲ့လား"
 
ချီလဲ့က သူ့ခေါင်းမှပတ်တီးကိုပြ၍ "ငါအမြဲတမ်း ဒီလိုပဲ သနားစရာကောင်းလောက်အောင် အရိုက်ခံနေကျလား" 

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now