၁၂ - ၂

674 118 17
                                    

ချီလဲ့က အတန်ကြာအောင်ရုန်းကန်နေခဲ့ပြီး နောက်တော့ မျက်လုံးထဲတွင် ကျီစယ်သည့်အရိပ်အမြွက်တို့ ထင်ဟပ်လျက် "ငါပြောလိုက်လို့ သူတို့တွေ စိတ်ရောဂါဌာနကို နောက်တစ်ကြိမ်ပို့ခံလိုက်ရရင် ဘာဖြစ်မယ်ထင်လဲ၊ သူတို့ရဲ့မိသားစုဝင်တွေ မပျော်မရွှင်ဖြစ်ပြီး ငါ့ကိုရိုက်ကြမှာလေ"

ကုပိုင်က ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်ကိုတော့ ချီလဲ့ပေါ်တွင်သာ ထားဆဲဖြစ်သည်။ ချီလဲ့က တည်ငြိမ်ဟန်ဆောင်ကာ "ဘာဖြစ်လို့လဲ"

"မင်းနဲ့ ရှောင်လဲ့ ဘာလို့ သူငယ်ချင်းတွေဖြစ်ကြလဲဆိုတာကို ငါသိသလိုလိုရှိလာပြီ၊ မင်းနဲ့ သူက စကားပြောပုံတူတယ်" ကုပိုင်က သူ့ကိုကြည့်ကာ "ဒါပေမဲ့ မင်းအရင်က ဒီလိုမဟုတ်ဘူးလားလို့" သူက ထပ်ဖြည့်ပြောလိုက်သည်။ "ငါမင်းကို သေချာမသိခဲ့လို့နေမယ်"

ချီလဲ့ ချွေးအေးပြန်သွားပြီး ရယ်ဖို့ကြိုးစားလိုက်ရသည်။ သူက အနောက်ကိုမှီရင်း အသံတိတ်နေကာ ကုပိုင်ကို တိတ်တဆိတ် လေ့လာနေခဲ့သည်။ ကုပိုင် သူ့ဖြေရှင်းချက်ကို သံသယမဝင်တာတွေ့တော့မှ စိတ်သက်သာရာရစွာ  သက်ပြင်းချမိသည်။ သူ့အဖြစ်သူ ပြန်တွေးနေမိသည်။ ကိုယ်တိုင်မှမကြုံဖူးလျှင် ဒီလို လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စမျိုးကို ဘယ်သူကယုံမည်လဲ။

တစ်နေ့တာက အဆင်ပြေပြေ ကုန်ဆုံးသွားလေသည်။ ညနေခင်းဝယ် မစ္စတာအထက်တန်းစား ရောက်လာလေသည်။ သူက ကုပိုင်နှင့် မျက်လုံးချင်းဆုံလျှင် ပြုံးပြလိုက်သည်။ ချီလဲ့က ကုပိုင်ကို အသံတိုးတိုးနှင့် မေးလိုက်သည်။ "မင်းသူ့ကိုသိလား"

"ငါသူ့ကို မကြာခဏမြင်ဖူးတယ်" ကုပိုင်က ညစာ,စားပွဲတွင်ထိုင်ရင်း မေးလေသည်။ "မင်း ဘာကိုမှ မမှတ်မိဘူးလား"

ချီလဲ့က ကန်တင်းမှယူလာသောစားစရာများကိုကြည့်ရင်း တွေးတောနေခဲ့သည်။ 'ဘယ်လိုတောင် ကွားခြားတဲ့ ဆက်ဆံမှုကြီးလဲ.. ဟမ်။' သူ ဒီ့မတိုင်ခင် ဆေးရုံတက်စဉ်ကဆိုလျှင် ကုပိုင်က သူ့ကို ကန်တင်းမှစားစရာများအား စားခွင့်မပေးခဲ့ပေ။ ချီလဲ့က သူ့ရှေ့မှစားစရာတို့ကို အဖုံးဖွင့်ရင်း "မမှတ်မိဘူး"

ဒီကမ္ဘာကြီး ရူးသွားပြီ (Unicode)Where stories live. Discover now