အပိုင်း(၁)
နံဘေးက စကားပြောသံတွေကို ကြားနေရပေမယ့် ကျွန်တော် သတိမထားမိပေ။
လက်ထဲက စာအုပ်ကိုသာ စိတ်ပါ၊လက်ပါ ဖတ်ရှုနေမိသည်။
ခဏ အကြာ၌ မီးလုံးအကြီးတွေ ပိတ်သွားသည်။ခန်းမကြီး တစ်ခုလုံး လည်း မည်းမှောင်သွားလေသည်။
အစောက ဆူညံနေသည့် အသံဗလံတို့ ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားကြလေသည်။မီးအမှောင်ချလိုက်တာမို့ ဖတ်လက်စ စာအုပ်ကို ကျွန်တော် ဆက်ဖတ်လို့ မရတော့ချေ။
သို့နှင့် ကျွန်တော်လည်း စာအုပ်ကို ပိတ်လိုက်ပြီး ရှေ့တူရူသို့သာ မျက်နှာ မူလိုက်လေသည်။စတိတ်ခုံပေါ်မှာတော့ မီးရောင်ပျပျလေးတွေ ထွန်းထားလေသည်။
တေးဂီတသံ ငြိမ့်ငြိမ့်လေးကပါ ပျံ့လွင့်လာပြန်သည်။
အခါတိုင်းဆို လုံးဝ မလာဖူးသည့် နေရာမို့ အခု မြင်ကွင်းတွေအားလုံးသည် ကျွန်တော့်အတွက် အဆန်းတကျယ်တွေသာ ဖြစ်လို့နေလေသည်။ကျွန်တော့် နံဘေးက သူငယ်ချင်းဖြစ်သူဆီကနေ အသက်ရှုနေသည့် အသံကိုပါကြားနေရသည်။
"ခဏနေရင် ထွက်လာကြတော့မှာ အက် ရေ ။မင်းက တစ်ခါမှ မလာဖူးလို့
အေးေဆးဖြစ်နေတာ။ငါကတော့ အခုကတည်းက စိတ်လှုပ်ရှားနေပြီဟေ့""အင်း......."
သူပြောတာလည်း သူ့အတွက်တော့ ဖြစ်နိုင်သည်မို့ ကျွန်တော်က နောက်က အင်း လိုက်ပေးလိုက်လေသည်။
တစ်ကယ်ဆို ကျွန်တော့်သူငယ်ချင်း ဂျက်ဆီရော ၊ကျွန်တော်ရောက ဂေးတွေပါ။
ယခုရောက်နေသည့် နေရာက ယောက်ျားပျို သန့်သန့်လေးတွေကို ရောင်းချေပးသည့် နေရာဖြစ်သည်။
ထို့ကြောင့်ပင် ဂျက်ဆီက ဒီနေရာကို တစ်နှစ်လျှင် တစ်ခေါက်လောက် လာရောက်တတ်သည်။ဂျက်ဆီအိမ်၌ ဂျက်ဆီဝယ်ယူထားသည့် ကောင်လေးတွေ( ၁၀)ယောက်ထက်မနည်း ရှိသည်။
ကြေးရေတတ် လူတန်းစားချင်း အတူတူ
ကျွန်တော်ကတော့ ကျွန်တော် ချစ်ရမည့် လူတစ်ယောက်ကိုသာ ရှာ၍ ရာသက်ပန် အတူတစ်ကွ နေထိုင်သွားချင်သည်။ဂျက်ဆီကမူ ကောင်လေး ချောချောလေးတွေ တစ်နှစ်တစ်ယောက်လောက် ဝယ်ယူ၍ ဘဝကို ပျော်ပျော်ပါးပါးကြီး ဖြတ်သန်းချင်သူ တစ်ယောက်ဖြစ်လေသည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...