အပိုင်း(၂၆)
သင်္ဘောဆိပ်ကို ရောက်တော့ ညနေ စောင်းနေပြီ။ဖီးလစ်က ကားပေါ်က မဆင်းသေးပဲ ကျွန်တော့်ကို လှမ်းဖက်လိုက်သည်။ထွက်သွားရမည့် သူက သေချာပေါက်ထွက်သွားရမှာမို့ သူစိတ်မချမ်းသာမှာ စိုးလို့ ကျွန်တော်က ဟန်ဆောင်ပြုံးထားရသည်။တစ်ကယ်ဆို ကျွန်တော်လည်း ချုံးပွဲချ ငိုပစ်လိုက်ချင်သည်။
"သင်္ဘောပေါ်ကျရင် ဂရုစိုက်နော်။
မဖျား၊မနာစေနဲ့""ဟုတ်ကဲ့ပါ"
ဖီးလစ်က ငိုသံစွက်သည့် အသံတုန်တုန်လေးဖြင့် ပြန်ဖြေသည်။ကြည့်ပါဦး "ကျွန်တော် ပြန်မှ ဖြစ်မယ်"ဟု ခိုင်ခိုင်မာမာ ပြောကာ သင်္ဘောလက်မှတ်လည်း ဖြတ်ပြီးပြီ။သင်္ဘောဆိပ်ကိုလည်း ရောက်လာခဲ့ပြီးပြီ။စိတ်မာလှချည်ရဲ့ ဖီးလစ်ရယ်ဟု စိတ်ထဲက အကြိမ်ကြိမ် ပြောနေမိတာတောင် ဒီကောင်လေး၏ မျက်ရည်တွေ စိုစွတ်နေသည့် မျက်ဝန်းလေး၊ငိုသံစွက်နေသည့် အသံတုန်တုန် ၊ရီရီ လေးကို ကြားရတော့ ရင်ထဲမကောင်းပေ။
"ဘာလို့ ငိုနေတာလဲ?။
မသွားချင်ရင် မသွားလို့ရတယ်။
ဒီမှာ ကျောင်းဆက်တက်ချင်ရင်လည်း ကိုယ်ထားပေးနိုင်တယ်။
ဘွဲ့ရမှ ကနေဒါကို ပြန်လေ။ နော်""ဟင့်အင်
ဟင့်အင်
ကျွန်တော် ရှေ့တန်းမှာ စစ်မှုထမ်းဖို့ ထွက်လာခဲ့ပြီး စစ်ရှုံးလို့ အဖမ်းခံရတာကို အဖေတို့ အမေတို့ သိမှာ မဟုတ်သေးဘူး။ ကျွန်တော် ပြန်ရောက်မှ သူတို့ ကို အသိပေးရမှာ"ဟုတ်ပါတယ်လေ။
မိဘကို တွေ့ချင်ရှာတာကတော့ အပြစ်ပြောလို့လည်း မဖြစ်သလို၊အပြစ်လည်း မဟုတ်ပေ။ပါးလေးကို ဖွဖွလေး ဆွဲညှစ်ရင်း
ပြောမိသည်။"ဒီကိုကြည့် ဖီးလစ်
ကိုယ့်ကိုကြည့်
ဟိုကို ရောက်သွားလို့
စစ်မှုထမ်းလို့ စစ်ရှုံးခဲ့တဲ့
ကိစ္စနဲ့ ပတ်သက်ပြီး
ပြဿနာ တစ်ခုခု ရှိခဲ့ရင်
ကိုယ့်ဆီအချိန်မရွေး
ပြန်လာလို့ ရတယ်။
ပြီးတော့
မင်းက ဒီမှာလည်း ကျွန် မဟုတ်တော့ဘူး။
လွတ်လပ်တဲ့ လူတစ်ယောက်
ဖြစ်နေပြီ။""ဟုတ်ကဲ့"
"ကိုယ်ထည့်ပေးလိုက်တဲ့ မုန့်တွေ၊အသီးတွေ ဝင်အောင်စားရမယ်နော်။
ကိုယ့်ကို လွမ်းတယ် ဆိုပြီး မစားပဲ မနေနဲ့"
![](https://img.wattpad.com/cover/355120948-288-k419430.jpg)
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...