အပိုင်း(၂၅)
ဂျက်ဆီ့အခန်းထဲသို့ ဝင်ကာ ဂျက်ဆီ့ဖုန်းကနေတဆင့် မြို့တော်အိမ်ဆီသို့ ဖုန်းခေါ်လိုက်သည်။"တူ တူ တူ တူ "
ဖုန်းကျသွားသည့် တိုင် ဖုန်းကိုင်မည့်သူ မရှိပေ။
"ရော် ဖုန်းလည်း ဝင်သားနဲ့ ဘာလို့ ဖုန်းမကိုင်ကြတာပါလိမ့်"
စိတ်လောကြီးနေချိန်မှာ ဖုန်းမကိုင်တာကြောင့် စိတ်ပူမိပြန်သည်။
ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ထပ်ပြီး ဖုန်းခေါ်လိုက်လေသည်။"တူ တူ တူ တူ "
ဖုန်းကဝင်သည်။သို့သော် ဖုန်းကိုင်မည့်သူ မရှိပေ။
နောက်ထပ်တစ်ကြိမ် ဖုန်းထပ်ခေါ်လိုက်ပြန်သည်။"တူ တူ တူ တူ"
သို့သော် အခုအချိန်ထိကို ဖုန်းကိုင်မည့်သူ မရှိပေ။
"ဟူး
အိမ်တော်ကလူတွေ ဘာများ လုပ်နေကြလို့ ဖုန်းမကိုင်ကြတာပါလိမ့်""သခင်လေး အက်ဘယ်ဝါရင်း ခင်ဗျာ။
အောက်ထပ်မှာ သခင်လေး အက်ဘယ်ဝါရင်းရဲ့ ဧည့်သည်တွေ ရောက်နေပါတယ် ခင်ဗျာ""ဟာကွာ အရေးထဲ။
ငါဘယ်ဧည့်သည်နဲ့မှ မတွေ့ဘူးလို့ ပြောဘို့""သခင်လေးတို့ အိမ်တော်က အိမ်တော်ထိန်းနဲ့ ဒရိုင်ဘာပါ ခင်ဗျ"
"ဪ ဟုတ်လား?။
မင်းကလည်း စောစောစီးစီး ပြောတာတော့ မဟုတ်ဘူး။
ကဲ ရှေ့ကသွား""ဟုတ်ကဲ့ ကြွပါ သခင်လေး"
ဂျက်ဆီ့အိမ်က အိမ်တော်ထိန်းကောင်လေး၏ နောက်ကနေ လိုက်လာလေသည်။
"အေးလေ သူတို့က ငါ့ဆီလာနေချိန်ဆိုတော့ ဘယ်လိုလုပ် ဖုန်းကိုင်ပါ့မလဲ"?
"ခင်ဗျာ သခင်လေး"
"မင်းကို ပြောတာ မဟုတ်ပါဘူး။
ဒါထက် မင်းကို မေးရဦးမယ်။
မင်းကရော ဘယ်လိုလုပ်မယ် စိတ်ကူးထားသလဲ"?"ကျွန်တော်ကတော့ သခင်လေး ဂျက်ဆီ့အိမ်တော် မှာပဲ အိမ်တော်ထိန်း ဆက်လုပ်ဖို့ စိတ်ကူးထားပါတယ်။
ရောင်းအစားခံခဲ့ရတဲ့ ကျွန်တော့် ညီနဲ့ ညီမကိုပါ ဒီ အိမ်တော်ကို ခေါ်ပြီး အလုပ်သွင်းပေးဖို့ စဉ်းစားထားပါတယ်"
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...