part (19)

2.3K 83 2
                                    

အပိုင်း(၁၉)
မနက်စာ စားပြီးသည့်နောက်၊
ကျွန်တော်က ရေချယ့်ကို ကူညီကာ ဧည့်ခန်းမကြီးကို သန့်ရှင်းရေး လုပ်ပေးနေလေသည်။

ကျွန်တော်က အိပ်ရာထ,နောက်ကျနေတာမို့ အရှင် အက်ဘယ်ဝါရင်း တို့ သားအမိနှစ်ယောက် အိမ်တော်မှ အပြင်သို့ ထွက်သွားသည်ကိုလည်း မမြင်လိုက်ရသလို၊သူတို့သားအမိနှစ်ယောက်နှင့် မရှေးမနှောင်း အိမ်ပြန်ကုန်ကြသော သခင်လေး ဂျက်ဆီနှင့် အပေါင်းအပါများကိုလည်း မမြင်လိုက်ရချေ။

မနေ့ညက အရှင် အက်ဘယ်ဝါရင်းစ အမိန့် ကြောင့် ဆိုင်မွန်တစ်ယောက်လည်း ကျွန်တော့် အနားသို့ ကပ်မလာတော့ချေ။

ကျွန်တော်နှင့် ဝေးသော နေရာ၌သာ အလုပ်တွေ လုပ်နေလေသည်။
ဒီလို ဆိုတော့လည်း အလကားနေရင်း အလကား ဆိုင်မွန့်ကို အားနာနေမိသည်။

ဧည့်ခန်းမဆောင်ကြီးက အလွန်ကျယ်ပြန့်တာကြောင့် သန့်ရှင်းရေး လုပ်တိုင်း လူအများကြီးဖြင့် အချိန်ပေးပြီး လုပ်ရသည်။

အလုပ်လုပ်နေရင်း အရှင် အက်ဘယ်ဝါရင်းတို့သားအမိများ ပြန်လာပြီလားဟု မကြာခဏ မျှော်ကြည့်နေမိသည်။

မနက်ကတည်းက မျက်နှာလေးတောင် မမြင်ခဲ့ရ။သတိရလိုက်တာ အရှင်ရယ်။
အဆင်ရော ပြေရဲ့လား?
......................
ဒီနေ့ မနက်ခင်း အိပ်ရာက နိုးလာတော့ ဖီးလစ်ကို ချက်ချင်း သတိရလိုက်သည်။
သို့သော် ညတုန်းက ဖီးလစ်တစ်ယောက် ညဉ့်နက်မှ အိပ်ရာဝင်ရသည်ကို ကိုယ်တိုင်မြင်ခဲ့ရတာ ဆိုတော့  သွားပြီး မနှောက်ယှက်ချင်ပေ။

ခြံထဲဆင်ကာ ဟိုဟို၊ဒီဒီ ကြည့်ပြီး လေညင်းခံနေမိသည်။

"သခင်လေး"

"ဟင်"

"အစောကြီး နိုးနေတာပဲ
မနက်စာ စားတော့မှာလား"?

"မစားသေးဘူး ရေချယ် အမေနိုးလာမှ ပဲ အတူတူ စားတော့မယ်"

"ဟုတ်ကဲ့
ဒါဖြင့် ကျွန်မ သခင်မနိုးပြီလား သွားကြည့်လိုက်ပါ့မယ်"

"အင်း သွားကြည့်လေ။
ဪ ရေချယ် ခဏလေး....."

"ဟုတ်ကဲ့ သခင်လေး"

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now