အပိုင်း(၃၀)ဇာတ်သိမ်းပိုင်း
"ဟင်"
အတန်းချိန် တစ်ချိန်ပြီးလို့ ရုံးခန်းဘက်သို့ ထွက်လာခဲ့သည့် ဖီးလစ်သည် ရုံးခန်းထဲမှ ကျောင်းအုပ်ဆရာကြီးနှင့် လူဖြူ ဆရာ နှစ်ယောက်အပြင် လူမည်းကျောင်းဆရာမလေး နှစ်ယောက် အားလုံးပေါင်း ဆရာ၊ဆရာမ (၅)ယောက်တို့ စုရုံး ၊စုရုံး ဖြစ်နေတာကို မြင်လိုက်ရသည်။ထို့ကြောင့် သူတို့ ဘာကို ဝိုင်းကြည့်နေကြပါလိမ့်ဟု တွေးကာ သူတို့ ကြည့်ရှုနေရာသို့ လိုက်ကြ ည့်လိုက်သောအခါ
ကျောင်းရှေ့ မလှမ်း မကမ်း၌ ကားကိုရပ်ပြီး ကားအနီး၌ လက်ပိုက်ကာ မတ်တပ်ရပ်နေသော အရှင် အက်ဘယ်ဝါရင်းကို မြင်လိုက်ရလေသည်။"အဲဒါ ဘယ်ဝါရင်း ကုမ္ပဏီ က သူဌေး မဟုတ်လား"?
လူမည်း ဆရာမလေး တစ်ယောက်က ထ,ပြောသည်။
"သူက ဒီကျောင်းကို ဘာလာလုပ်တာလဲ"?
"အင်း တစ်ယောက်ယောက်ကို လာကြိုတာများလား"?
"ဪ သိပြီး သူ့အိမ်က အိမ်တော်ထိန်းကြီးရဲ့ မြေးတွေ ဒီကျောင်းမှာ ရှိတယ်လေ"
"အိမ်တော်ထိန်းရဲ့ မြေးတွေကိုတော့ ဘယ်သူဌေးက ကားနဲ့ လာကြိုမှာလဲ"?
"ဆရာဖီးလစ်
ဆရာဖီးလစ်လည်း မြို့ထဲမှာနေတာ မဟုတ်လား?
သခင်လေး အက်ဘယ်ဝါရင်းကို သိလားဟင်""ဗျာ"
"နင်တို့ကလည်း အခုမှ ကိုယ့်နိုင်ငံကို ရောက်လာတဲ့သူကို ဘာတွေ မေးနေကြတာလဲ?
ရတယ် ဆရာဖီးလစ် သွား၊
သွား
နားနေခန်းထဲမှာ နားလိုက်ဦး""ဟုတ်ကဲ့"
ဒီနေရာမှာ ဆက်နေရင် အဖြေရကြပ်တဲ့ မေးခွန်းတွေ ဆက်တိုက် လာမှာကို စိုးရိမ်ကာ ဆရာများ နားနေခန်းထဲသို့ ဝင်လာခဲ့သည်။
ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမ အုပ်စုကတော့ ကြွက်စီညံနေကြရင်း ကျန်ရစ်ခဲ့ကြလေသည်။
ဪ အရှင်အက်ဘယ်ဝါရင်း
အရှင်အက်ဘယ်ဝါရင်း ၊ဒီလို အရေးတွေ ကြုံမှာ စိုးရိမ်လို့ ကျောင်းကို လာမကြိုပါနဲ့ အကြိမ်ကြိမ် မှာထားရက်နဲ့လေ။
ခုတော့။
မတော်တဆ သူ့ကားပေါ် ကျွန်တော်ပါသွားတာကို မြင်ကုန်ကြရင်ဖြင့် အနေရ၊အထိုင်ရ ခက်လိမ့်ဦးမည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...