ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့ အကျဉ်းသား
အပိုင်း(၇)
ဝိုင်ခွက်တွေကို ရေသုတ်နေသည့် ကျွန်တော့်အနီးသို့ အိမ်တော်ထိန်းကြီး ရောက်လာလေသည်။"ဖီးလစ်ရေ...."
"ခင်ဗျာ"
"အဲဒီခွက်တွေကို သူတို့တွေ ကြည့်လုပ်လိမ့်မယ် ထားခဲ့။
ဟိုထွက်သွားတဲ့ ကောင်နောက်ကို လိုက်ပြီး သူမနိုင်လို့ ထားခဲ့တဲ့ ဝိုင်ခွက်တွေ လိုက်ကူသယ်ပေးလိုက်ပါအုံးကွယ်။
အပြင်မှာ ဧည့်သည် တစ်ချို့ ရောက်နေပြီ"အိမ်တော်ထိန်းကြီး၏ စကားကြောင့် စားပွဲပေါ်၌ တင်ထားသည့် ဝိုင်ခွက်တွေ ထည့်ထားသော လင်ဗန်းကို ကြည့်လိုက်မိသည်။
အတွေ့အကြုံတော့ မရှိပေမယ့် သေချာ သယ်သွားရင် အဆင်ပြေလိမ့်မည်ဟု ထင်လိုက်သည်။
"ဟုတ်ကဲ့။
ဒီလင်ဗန်းထဲက ဝိုင်ခွက်တွေလားဗျ""အေး ဟုတ်တယ် ကွယ့်။
သယ်သွားလိုက်နော်။
အင်း ဧည့်သည် အများကြီး မဟုတ်တာကြောင့် နိုင်မှာပါ။
ဟေ့ ဟို ကလေးမတွေ၊ဟိုကလေးတွေ ဝိုင်ခွက်တွေ ဆေးတာ ၊သုတ်တာ ခပ်သွက်သွက် လုပ်ကြကွယ်။
ဪ ဒီနေ့ သခင်မလည်း လာလိမ့်မယ်နော်""ဟုတ်ကဲ့ပါ အိမ်တော်ထိန်းကြီး"
သူတို့ အချင်းချင်း သတိပေးကြတာ၊စကားစမြည်ပြောကြတာတွေကို ဥပေက္ခာ ပြုလိုက်ကာ ဝိုင်ခွက်တွေကိုသာ သယ်ပြီး ထွက်လာခဲ့သည်။
ကျွန်တော် ခန်းမကျယ်ထဲကို ရောက်တော့ ကျွန်တော့်ရှေ့က ဝိုင်ခွက်သွားပို့သည့် လူပင် ခန်းမထဲက ပြနမထွက်လာချေပြီ။
ခန်းမထဲ၌ ဧည့်သည်တွေ သိပ်မရောက်သေးပေ။စားပွဲရှည် တစ်လုံး၌ စုဝေးပြီး ထိုင်နေသည့် လူ ဆယ့်ငါးယောက်ခန့် ရှိသည့် အဖွဲ့ တစ်ခုသာ ရောက်သေးသည်။
ခပ်လှမ်းလှမ်းကနေ ကျွန်တော်လှမ်းပြီး အကဲခတ်ကြည့်လိုက်မိသည်။သခင်လေး ဂျက်ဆီ့ကို မတွေ့ရသေးချေ။
ကြည့်ရတာ သခင်လေး ဂျက်ဆီ ရောက်မလာသေးတာပင်ဖြစ်လိမ့်မည်။
တော်သေးသည်ဟု မှတ်ချက်ချလိုက်မိသည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...