part(28)

2.2K 95 10
                                    

အပိုင်း(၂၈)
ကနေဒါကို ရောက်တဲ့အခါ.....
လမ်းခရီး တစ်လျှောက်လုံး စိတ်ကူးယဉ်ခဲ့သမျှလေးတွေ အကုန် ကြက်ပျောက် ငှက်ပျောက် ဖြစ်ရသည်။

သင်္ဘော ထိပ်ဦးပိုင်းမှာ ထွက်ထိုင်လိုက်၊အိပ်ခန်းထဲမှာ အိပ်လိုက်၊လေတွေ ကြမ်းတဲ့အခါ လှိုင်းမူးသည့် ဒဏ်ကို ကြံ့ကြံ့ခံလိုက်နှင့် ဖီးလစ်နဲ့ တွေ့ရင်
ဖီးလစ်တို့မြို့ရဲ့ စာကြည့်တိုက်ကို အတူတူ သွားမယ်။
ပြီးရင် မနက်စာ အတူတူစားမယ်။
ဖီးလစ် ဘာလုပ်နေလဲ လေ့လာမယ်။
ကျောင်းတက်နေရင် ကျောင်းကိုလိုက်သွားမယ်။
ပန်းတွေစိုက်နေရင် စိုက်ခြံကို လိုက်သွားမယ်။စာတွေလေ့လာနေရင် ဘေးကနေ ထိုင်ကြည့်မယ်။
ဖီးလစ်ရဲ့ မိဘတွေနဲ့ သူ့ညီမလေးကို ကိုယ်တိုင်မိတ်ဆက်မယ် ဆိုပြီး အများကြီး စိတ်ကူးယဉ်ခဲ့ရသည်။

သို့သော်
ဖီးလစ်ပေးခဲ့သည့် လိပ်စာအတိုင်း သူတို့ အိမ်ကို သွားရှာသည့် အခါ ဖီးလစ်တို့ မိသားစု ပြောင်းရွှေ့သွားသည်ဟုသာ သိခဲ့ရသည်။
ဘယ်နေရာ၊ဘယ်အရပ် ကို ပြောင်းရွှေ့သွားခဲ့သည်ဟူ၍ သေချာ မသိခဲ့ရချေ။

ကနေဒါ၏ လမ်းမများထက်၌ ဟိုဟို၊ဒီဒီ နေရာ အနှံ့လောက်နီးနီး လိုက်ရှာခဲ့ပေမယ့် ဘယ်နေရာမှာမှ ဖီးလစ်တို့မိသားစု၏ သတင်း အစ၊အနကို မသိရချေ။

သိူ့နှင့် တည်းခိုခန်းဆီသို့သာ စိတ်ပျက်၊လက်ပျက်ဖြင့် ပြန်လာခဲ့ရလေသည်။

........
နောက်တစ်နေ့ နံနက်၌လည်း ထိုနည်းတူစွာ နေရာအနှံ့၌ ဖီးလစ်ကို လိုက်ရှာနေမိလေသည်။
သို့သော် သတင်းရေရေရာရာ မကြားရချေ။

သို့နှင့် တည်းခိုခန်းဆီသို့ ပြန်လာခဲ့လေသည်။

"ဘော်ဒါ ကို ကြည့်ရတာ တစ်ယောက်ယောက်ကို ရှာနေသလိုလိုပဲ"

လူပုံကိုကြည့်ရသလောက်တော့
တည်းခိုခန်းမှာ လာတည်းသည့်
ရိုးရိုးသာမန် လူတန်းစား တစ်ယောက်၏ ပုံစံပါပဲ။

ယောက်ျားလေးဖြစ်ပြီး နားဆွဲကလည်း ဆွဲထားသေးသည်။ပွင့်လင်း ဖော်ရွေတတ်သော မျက်နှာကို အတိုင်းသား မြင်ရသည်။
အင်း ဖော်ရွေတာထက် ပြီတီတီ နိုင်တာက ပိုမည်ထင်သည်။

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now