part (22)

2.1K 80 7
                                    

အပိုင်း(၂၂)
"ရွှတ်"

"အာ အရှင်ကလည်း အရှင့် အဖေ ဘာလို့ ဆုံးသွားတာလဲ လို့ မေးနေတာလေ"

"အဲဒါ နောက်နေ့မှ ပြောမယ်။
အခုတော့ ဟဲဟဲ"

"အား အရှင်
ယားတယ်၊ ယားတယ်ဗျ။
အရှင့် မုတ်ဆိတ်မွှေးတွေက ခစ် ခစ် ခစ်"

ထိုအခိုက် အခန်းတံခါးခေါက်သံကို ကြားရလေသည်။

"ဒေါက် ဒေါက်"

တဆက်တည်းပင် ရေချယ့်အသံကိုပါ ဆက်တိုက် ကြားရလေသည်။

"သခင်လေး သခင်မ က ခေါ်ခိုင်းလိုက်လို့ပါ"

"အေး အေး"

သခင်လေး၏ ထူးသံပင် မဆုံးသေးချေ။ရေချယ်က တံခါးပေါက်ကို တွန်းဖွင့်လိုက်လေသည်။

"ကျွီ"

"ဟင်
အ အ အ ရှင် ကျွန်တော် တံခါးပေါက် မပိတ်ခဲ့မိဘူး"

ကျွန်တော်က တံခါးကို စေ့ရုံလေး စေ့ထားမိသည်။မင်းတုန်းကို မပိတ်ခဲ့မိချေ။

ခုတော့

အရှင်ရော
ကျွန်တော်ပါ အင်္ကျီတွေ မပါဘဲ အရှင့် အိပ်ရာပေါ်၌ ဖက်လျက်သား ဖြစ်နေလေသည်။

"အို
သခင်လေး တို့ ဘာလုပ်နေကြတာလဲ?
ဖီးလစ်ကရော ဘာလို့ အရှင်သခင်တွေရဲ့ အိပ်ရာပေါ်ကို ရောက်နေရတာလဲ?
မဟုတ်မှ လွဲရော
ဟို ဟို
ဟိုဒင်း ဟိုဟာ တွေများ ဖြစ် ဖြစ်နေကြတာလား"?

ဘုရား
ဘုရား

အရှင် ဘယ်လို လုပ်မှာလဲ?
ယောက်ျားချင်း လိင်ဆက်ဆံတာက တစ်ပြစ်၊ကျွန်နှင့် သခင် ဆက်ဆံရေးကို ချိုးဖောက်တာက တစ်ပြစ်။(ထိုခေတ်က ကျွန်နှင့် အရှင်သခင်တွေ ချစ်ကြိုက်ရန် အတွက် ခွင့်မပြုသော ခေတ် ဖြစ်လေသည်။
အရှင်တော့ ဒုက္ခရောက်မှာပဲ ဟု တွေးကာ
အရှင့် ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။

"အပြစ်ရှိတာက ကျွန်တော်ပါ ရေချယ်။
ကျွန်တော် အရှင်သခင့်ကို အတင်း အဓမ္မ ဖျားယောင်းမိပါတယ်"

"အို"

ရေချယ်က ကျွန်တော့်ကို ကြည့်ကာ အံ့အားသင့်သွားလေသည်။

"အင်း မင်းပြောသလို ဖျားယောင်းတယ်ပဲ ထားပါတော့။သခင်လေးကရော ဖျားယောင်းတိုင်း ပါလာစရာလား?။
ကဲပါလေ သခင်မ ကိုပဲ အသိပေးလိုက်တော့မယ်။သခင်မ စိတ်တိုင်းကျ ဆုံးဖြတ်ပါစေ။"

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now