ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့အကျဉ်းသား(BL Fiction)
အပိုင်း(၁၅)
အခန်းတံခါးကို ဖွင့်လိုက်ပြီး ကျွန်တော်က ရှေ့က ဝင်လာခဲ့ပြီး ဖီးလစ်က နောက်ကလိုက်ဝင်လာကာ အခန်းတံခါးကိုပါ သေချာပိတ်နေလေသည်။ကုတင်စောင်းမှာ တင်ပါးလွဲ ထိုင်ကာ တံခါးပိတ်နေသော ဖီးလစ်ကို ငေးကြည့်နေမိသည်။
"အစက အခုလို မစဉ်းစားခဲ့မိဘူး သိလား"
"ဘာကိုလဲ အရှင်"
"နှိပ်ပေးခိုင်းဖို့ ဆိုပြီး ကိုယ့် အခန်းထဲမှာ မင်းကို ခေါ်ဖို့လေ"
"တစ်ညလုံးတော့ ကျွန်တော်နေလို့ မရဘူးနဲ့ တူတယ်ဗျ"
ဖီးလစ်၏ ထိုစကားကြောင့် ကျွန်တော် အလိုလိုနေရင်း စပ်ဖြဲဖြဲ ဖြစ်သွားရလေသည်။
ဖီးလစ်ကိုလည်း လက်ညှိုးထိုးကာ
"ဪ သိပြီ
သိပြီ ဘာလဲ တစ်ညလုံး ကိုယ်နဲ့နေချင်နေတယ် မဟုတ်လား?
ပြောစမ်း"ကျွန်တော့် စကားကြောင့် ဖီးလစ်၏ ပါးနှစ်ဖက်မှာ ခရမ်းချဉ်သီးမှည့်လေးလို နီထွေးသွားလေသည်။
"အာ
မဟုတ်
မဟုတ်ပါဘူး အရှင်""ဘာ မဟုတ်ဘူးလဲ ဟင်း ဟင်း
ကိုယ်သိတယ်နော်........သိတယ်နော် ဆိုမှ အခုမှ သတိရတယ်
ဒီနေ့ ကိုယ် အမေနဲ့ အပြင်သွားတာ မကြာဘူးလား"?"ကြာတယ်
အကြာကြီးပဲ"ဖီးလစ်က နှုတ်ခမ်းလေးကို စူကာ ခပ်ချွဲချွဲလေး ပြန်ဖြေသည်။
"ဒါတောင် ကိုယ့်ကို လွမ်းနေပါပြီ အရှင် ရယ် တနေ့လုံး ဘယ်ကိုများ သွားနေတာလဲ ဘာညာ မမေးဘူးနော်"
"ဗျာ
သခင်မနဲ့ သွားတာဆိုတော့ ကျွန်တော် စိတ်မချစရာ ဘာရှိလို့လဲ အရှင်ရယ်""မင်း ကိုယ့်ကို စိတ်မချ ဖြစ်ရမယ်လေ ။
အမေနဲ့ သွားတယ်ဆိုရင်တောင်
အနည်းဆုံးတော့ အမေ့မိတ်ဆွေတွေရဲ့ သမီးတွေ ဘာတွေနဲ့ တွေ့နိုင်၊ဆုံနိုင်နေသေးတာပဲ""ဟိုလေ
ဟို""ဘာလဲ
မင်းက ဟို ဆိုင်မွန်ဆိုတဲ့ ကောင်နဲ့ မုန့်အတူလုပ်နေရရင် ပျော်နေတာပဲ မဟုတ်လား"?
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...