part (29)

2.3K 91 2
                                    

အပိုင်း(၂၉)
ဖီးလစ် ကို ရှာရန်အတွက် လန်ဒန်မြို့ကို(၅) ခေါက်တိတိ သွားခဲ့တယ်။
ဒါပေမယ့် ခုထိတော့ ဖီးလစ်ရဲ့ အရိပ်အယောင်ကို မမြင်ရသေးပါဘူး။
ဖီးလစ်နဲ့ နာမည်တူတဲ့ သူတွေ သုံး လေးယောက်လောက်တော့ တွေ့ခဲ့ရပေမယ့် ကျွန်တော့်ရဲ့ ဖီးလစ်ကိုတော့ မတွေ့ခဲ့ရပါဘူး။

နောက်ထပ်တစ်ခါ သွားရှာမယ် ဆိုတော့ အိမ်တော်က သခင်မဘယ်ဝါရင်းရဲ့ ကျန်းမာရေးက ပြန်ဖောက်လာတယ်။
တစ်ခါ တစ်ခါ အမောဖောက်ရင် လန့်စရာ အခြေအနေ ထိ ဖြစ်နေတာမို့ သားတစ်ယောက် အနေနဲ့ အဝေးကို ခရီးမသွားရက်သေးဘူး။

သို့ပေမယ့်လည်း တစ်ချိန် တစ်ခါက ဖီးလစ် ကတိပေးခဲ့သလိုမျိုး အိမ်တော်ကို ပြန်လာလေမလား ဆိုပြီး နေ့ရက်တိုင်း အချိန်တိုင်း စောင့်မျှော်နေမိပြန်သည်။

ဒီနေ့တော့ ဘာရယ်မဟုတ် သခင်မလည်း နည်းနည်း သက်သာ သလိုလို ဖြစ်လာတာကြောင့် ကျွန်တော်လည်း ခြံထဲက ပန်းခြံထဲမှာ ထိုင်နေမိသည်။

ပန်းခြံထဲမှာ မထိုင်ဖြစ်ရင်တောင် ပန်းတွေ စိုက်၊ပန်းတွေ ခူး၊ပန်းအိုးထိုးတတ်တဲ့ ကောင်လေးကို သတိရနေတတ်တာ ပန်းခြံထဲမှာ ထိုင်နေမိတော့ ပို ပိုပြီး သတိရမိသည်။

ဂျက်ဆီကတော့ ပြောရှာပါတယ် တစ်ယောက်ယောက်နဲ့ date ကြည့်ပါ့လားတဲ့။ခံစားရတာ နည်းနည်းသက်သာအောင် ပြောတာပေမယ့် ကျွန်တော်က တော့ စိတ်တိုသည်။
နောက်တော့ ကျွန်တော်မကြိုက်မှန်း သိလို့ ထင်ပါရဲ့ ထပ်မပြောတော့ပေ။
ဂျက်ဆီကတော့ သူ့ရဲ့ မူလလက်ဟောင်း ကောင်လေး (၅)ယောက်နဲ့ပဲ သူ့အိမ်တော်မှာ အတူတကွ ဆက်လက်နေထိုင်ဖြစ်သွားသည်။
အိမ်ထောင်လည်း မပြု၊ပြုဖြစ်တော့မယ်လည်း မထင်ရပေ။

သခင်မ ဘယ်ဝါရင်းကလည်း တစ်မှိုင်မှိုင်ဖြစ်နေတတ်သည့် ကျွန်တော့်ကိုကြည့်ကာ နောင်တ,ရနေလေသည်။

"ဟေး ဒီနေ့ ငါတို့ အတန်းထဲကို ဆရာ အသစ် ရောက်လာတယ်"

"ငါတို့ အတန်းထဲကို ရောပဲ "

"Twinkle twinkle little star

How I wonder what you are

Up above a  world,so high

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now