ခန်းစက်တော်ဆောင်ထဲက အရှင့်ရဲ့ အကျဉ်းသား(BL)
အပိုင်း(၅)
ထိုအခိုက် ဖီးလစ်က ကျွန်တော်တို့ အနီးသို့ ရောက်လာလေပြီ။အစောနက မြင်းပေါ်သို့ တက်ရန် အသင့်ဖြစ်နေသော ကျွန်တော်က ဖီးလစ်လည်း ရောက်လာရော ကိုင်ထားသည့် မြင်းဇက်ကြိုးကို လွှတ်လိုက်သည်။"အိမ်တော်ထိန်းကြီး မီးခိုး ကို ခြံထဲ ပြန်ထည့်ပေးဗျာ"
မြင်းပေါ်ကို လုံးဝ မတက်ရသေးဘဲ မြင်းကို သိမ်းခိုင်းသည့် အပေါ် အိမ်တော်ထိန်းကြီး သဘောမကျတာကို ကျွန်တော်ရိပ်မိသည်။
သို့သော် ကျွန်တော် မသိချင်ယောင် ဆောင်လိုက်သည်။
အိမ်တော်ထိန်းကြီးက မီးခိုးကို ဆွဲခေါ်သွားလေသည်။
"လာ ဖီးလစ် ဒီမှာထိုင် အတူတူ သောက်ရအောင်"
"ကျွန်တော်က ရပါတယ် အရှင်။
အရှင်ပဲ သောက်ပါ။
နေပူတော့ အရှင်ပင်ပန်းနေမှာပေါ့"ဖီးလစ် စကားလေးကြောင့် ကျွန်တော် ရင်ခုန်ရသည်။ကျွန်ေတာ့်ပါးတွေပင် နီမြန်းလာသည်ထင်သည်။ပူရှိန်းရှိန်း ဖြစ်လာတာကို ခံစားရလေသည်။
သို့နှင့် ကျွန်တော် တစ်ယောက်တည်းပဲ သံပုရာရည်ကို ထိုင်သောက်နေရလေသည်။
သံပုရာရည်သောက်နေရင်း နံဘေးမှာ ရပ်နေသည့် ဖီးလစ်ကို ကျွန်တော်ငေးကြည့်နေမိသည်။
ဖြူဖွေးလွနေသည့် အသားအရောင်၊ခါးသိမ်သိမ်၊ဗိုက်ချပ်ချပ် ၊တင်ပါး လုံးလုံးလေးတွေက ပေါ်လွင်လွန်းလှသည်။
သွယ်သွယ်ကျစ်ကျစ် ကြွက်သား အနည်းငယ်နှင့် လက်မောင်လေးက ဖွေးဥကာ နေရောင်အောက်၌ တောက်ပနေလေသည်။ဖီးလစ်၏ မျက်ခုံး၊မျက်လုံး အိမ်ကျယ်ကျယ်လေးက သူ၏ ဖြူဖြူသွယ်သွယ် မျက်နှာသေးသေးလေးထဲ၌ လှပတင့်တယ်စွာ နေရာယူထားလေသည်။
ပြီးတော့ သူ့နှုတ်ခမ်း ပါးပါးရဲရဲလေးတွေရော။
"ဖီးလစ်"
"ဗျာ"
"ငါ့ကို နမ်း"
ဖီးလစ်က ကျွန်တော်ထိုင်နေရာ ထိုင်ခုံနှင့် နီးကပ်လာအောင် တိုးလာလေသည်။
ပြီးတော့ သူ့ခြေဖဝါး ဗလာလေးကို ထောက်ကာ ကျွန်တော့်နှုတ်ခမ်းကို လှမ်းနမ်းလိုက်လေသည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...