part (14)

2.5K 101 0
                                    

ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့အကျဉ်းသား
အပိုင်း(၁၄)
အမေများ ကျွန်တော်နှင့် ဖီးလစ်၏ အကြောင်းကို ရိပ်မိသွားပြီလား ဟူ၍ မျက်နှာရိပ်၊မျက်နှာကဲ ခတ်နေမိသည်။

သို့သော် အမေက ပုံမှန်အတိုင်း မျက်နှာထားပင် ဖြစ်နေ၍ တော်သေးသည်ဟု စိတ်ကတွေးလိုက်သည်။

"ရှေ့က သစ်ပင်အောက်ကို ရောက်ရင် မင်းအဖေ ကို သိပ်သတိရတာပဲ"

အမေပြောသည့် သစ်ပင်အောက်ကို ကျွန်တော် သိပါသည်။တစ်ကယ်ဆို ဒီကလမ်းတွေကို ကျွန်တော် အလွတ်ရနေတာပင်။
ငယ်စဉ်က မိသားစု ခရီးသွားကြရင် အဖေက ထိုသစ်ပင်အောက်သို့ရောက်တိုင်း ခရီးတစ်ထောက်နားလေ့ရှိသည်။

ဘာဖြစ်လို့ နားတာလဲ လို့ မေးတိုင်း သူ့ငယ်ဘဝကိုသတိရကာ ပြန်တွေးကြည့်ချင်လို့လို့ ဖြေတတ်သလို၊ ရှုခင်းကြည့်ရင်းလေရှူချင်တာကြောင့်လည်း ဖြစ်မည်။

အဖေဆုံးပါးသွားကတည်းက ထိုနေရာကို ကားရပ်ပြီး နားလေ့ ၊နားထ မလုပ်မိကြတော့ပေ။
အဖေ့ကို လွမ်းသည့် ဒဏ်ကို ကျွန်တော်တို့သားအမိနှစ်ယောက်စလုံး မခံနိုင်ကြ‌။

"သားရောပဲ"

"အမေ့ကို ပြောစမ်း။
ဘယ်တော့ လက်ထပ်မှာလဲ?
အမေလည်း မြေးတွေ၊မြစ်တွေနဲ့ နေချင်လှပြီ"

"အမေ။"

"ဟင်"

"သားက ဘယ်တော့မှ လက်မထပ်တာလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ် ဆိုရင်ရော"

ယာဉ်မောင်းက ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေဆဲ ဖြစ်သည်။ကားလေးက ခပ်မှန်မှန်ပင် လမ်းလေးအတိုင်း ပြေးလွှားနေဆဲပင်။
လမ်းဘေးဝဲယာ တစ်လျှောက်ရှိ၊ဂျုံခင်းတွေ၊မြက်ပင်စိမ်းစိမ်းရှည်ရှည်တွေ၊သစ်ပင် ကြီးကြီး ငယ်ငယ်တွေ၊ ရေကန်လေးတွေက ရိပ်ကနဲ၊ရိပ်ကနဲ ကျန်ခဲ့သည်။

အမေက သူမ၏ ဇာလက်အိတ်စွပ်ထားသည့် လက်နှစ်ဖက်ဖြင့်ကို ကျွန်တော့်လက်ကို ပွေ့ဖက်ထားဆဲ ဖြစ်သည်။

"အမေ ငယ်ငယ်တုန်းကလည်း ကျွန်တွေ လွတ်မြောက်ရေးအတွက် အရပ်တကာကို လူမသိ၊သူမသိ သွားလာလှုပ်ရှားနေတုန်း ဗြုန်းဆို မင်းအဘိုး အဘွားတွေက အိမ်ထောင်ချပေးလိုက်တာ.....
ဘာပြောကောင်းမှာလဲ
လက်ထပ်ပွဲ မစခင် တစ်ညအလိုက အိမ်မှာ သောင်းကျန်းလိုက်တာ သောင်းကျန်းလိုက်တာ မပြောပါနဲ့။

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now