အပိုင်း(၂၃)
ဖီးလစ်နဲ့ ခွဲခွာရတဲ့ နေ့ရက်တွေက စိတ်အပူရဆုံး နေ့ရက်တွေပါပဲ။
ကလေးလေး လည်း မဟုတ်တာမို့ သတိရ တမ်းတစိတ်ကြောင့် ငိုချင်ရင်တောင် ဘယ်သူမှ မမြင်ရအောင် မျက်ရည်ကျရတယ်။ဖီးလစ်ရော အဆင်ပြေပါ့မလား?။
တစ်ယောက်ယောက်ကများ အနိုင်ကျင့်နေမလား လို့ တွေးမိရင် ပိုပြီး။စိတ်ပူရသည်။
ဖီးလစ်လည်း ငါ့လိုပဲ ငါ့ကို လွမ်းနေမယ်ဆိုရင် ဆိုတဲ့ စိတ်က တခါတခါ အသက်ရှူရပ်သွားလောက်အောင် ပင်ပန်းသည်။ထို့ကြောင့် အလုပ်ကိုသာ ပိုပြီး ကြိုးစားမိသည်။ကုမ္ပဏီမှာ စီမံတာက လွဲလို့ ဘာမှ လုပ်စရာ မရှိတာတောင် နေ့တိုင်းသွားဖြစ်အောင် သွားသည်။
မြို့တော်ကိုလည်း မကြာမကြာ သွားဖြစ်သည်။သို့သော် မြို့တော် ရှိ အိမ်တော်ဆီသို့ မရောက်ဖြစ်အောင် မနည်း ထိန်းချုပ်ပြီး ပြန်လာရသည်ချည်းပင်။
တခါတရံ မြို့တော်ရှိ အိမ်တော်သို့ အမေနှင့် အတူ သွားခွင့်ရသည့် ဒရိုင်ဘာ ဒူရှစ်ကိုသာ ဖီးလစ်၏ သတင်းကို မေးရဲသည်။
ဒူရှစ်ကလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိသည့် လူတစ်ယောက်မို့ သူမြင်သမျှလောက်သာ ပြန်ပြောလေ့ရှိသည်။
သူမြင်ရသမျှတော့ ဖီးလစ်က မြို့တော်အိမ်တော်၌ ပန်းပင်တွေကိုသာ တာဝန်ယူထားရသည့် ဥယျာဉ်မှူး တစ်ယောက် ဖြစ်နေပြီဆိုတာရယ်။
အနည်းငယ် ပိန်ပြီး အသားတွေ အနည်းငယ်ညိုသွားတာက လွဲလို့ ကျန်းမာတဲ့ ပုံစံ နဲ့ ရှိနေပါတယ် လို့ ပြန်ကြားရသည်။ဖီးလစ် တစ်ယောက် ကျန်းကျန်းမာမာ ရှိနေသည် ဆိုမှ ကျွန်တော်လည်း စိတ်အေးရသည်။
အေးလေ ဖီးလစ်ဟာ ပျော့ညံ့တဲ့ ကောင်လေး တစ်ယောက်မှ မဟုတ်ပဲ။
ငွေဝယ်ကျွန်လို ဘဝမျိုးမှာတောင် အပင်စိုက်တဲ့ ပညာ၊ပန်းအလှပြင်တဲ့ ပညာနှင့် အချိုပွဲ လုပ်တဲ့ ပညာတွေကို ရအောင်ယူနိုင်တဲ့ ကောင်လေး တစ်ယောက်ပဲ။လောကဓံကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလေ့ ရှိတဲ့ ကောင်လေးကို အခုလည်း အသည်းပွဲပြီး အရာရာ ကို အရှုံးပေးနေသွားတာမျိုး မဖြစ်စေချင်ခဲ့။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...