part (10)

3.3K 117 11
                                    

ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့ အကျဉ်းသား
အပိုင်း(၁၀)
အခန်းထဲကို ဝင်လာသည့် ဖီးလစ်၏ လက်ကိုဆွဲကာ အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။
တံခါး ပိတ်ပြီးပြီးချင်း ဖီးလစ်၏ ကိုယ်လုံးလေးကို စွေ့ကနဲ ပွေ့ချီကာ အိပ်ရာထက်ကို ပစ်ချလိုက်လေသည်။

ဖီးလစ်က အိပ်ရာထက်ကနေ ပြုံးပြုံးကြီး လှမ်းကြည့်နေလေသည်။
အိပ်ရာပေါ်သို့ တစ်လှမ်းချင်း တက်သွားသည့် အခါ ဖီးလစ်က တခစ်ခစ်နှင့် ရယ်နေသည်။

"အရှင် အရှင်
ဘာလို့ ကျွန်တော့်ကို ကြောက်အောင် ခြောက်နေတာလဲ"?

"ဟင် ဘယ်မှာ ခြောက်နေလို့လဲ"?

"အရှင်က အရင်လို မဟုတ်ပဲ အဲဒီလိုကြီး တစ်လှမ်းချင်း လာနေတော့ ကျွန်တော် အူယားတယ် ခစ် ခစ် ခစ်"

"ဪ ဒါလား"?

"ဟုတ်တယ် "

ကျွန်တော် အိပ်ရာပေါ် ရောက်လာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ပြီးတော့ ဖီးလစ်၏ နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်လေသည်။

"အခုရော အူယားသေးလား"?

"ယားတော့ဘူး"

ဖီးလစ်၏ အသံလေးက တိုးလျလျလေး ဖြစ်သည်။

..........

"ဒီကော်ဖီရဲ့ အနံ့က မွှေးလှချည်လား သခင်မ"

မနက်ခင်း အချိန်ဖြစ်သည်။
ဖီးလစ်ကတော့ ကျွန်တော့် အခန်းထဲ၌ အိပ်ပျော်နေဆဲ ဖြစ်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမို့ မနှိုးရက်ပဲ ကျွန်တော့် ဘာသာပဲ ထပြီး ရေချိုးကာ မနက်စာစားရန် ထွက်လာခဲ့လေသည်။

အမေက ခြံထဲက စားပွဲဝိုင်း၌ ကော်ဖီသောက်နေလေသည်။ကျွန်တော်လည်း အမေ့ ပါးလေးကို နမ်းကာ စားပွဲဝိုင်း၌ ဝင်ထိုင်လိုက်လေသည်။

ဒီမနက်ခင်း အမေသောက်နေသည့် ကော်ဖီက ခါတိုင်း အနံ့နှင့် မတူပဲ ကွဲပြားနေလေသည်။တံဆိပ် အသစ် ပြောင်းထားသည် ထင်မိသည်။

"အမေ့ မိတ်ဆွေ တွေ အရှေ့တိုင်းက သယ်လာတာတဲ့ သား သောက်ကြည့်အရသာ ဘယ်လိုနေလဲလို့"

အမေ့ စကားကြောင့် အရှေ့တိုင်းက သယ်လာသည့် ကော်ဖီ၏ အရသာကို မြည်းစမ်းချင်စိတ် ပိုဖြစ်ရသည်။

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now