ခန်းစက်တော်ဆောင်ထဲက အရှင့်ရဲ့အကျဉ်းသား
အပိုင်း(၁၃)
တစ်ကယ်လည်း ညဘက်မှာ အိပ်ရာထဲရောက်တော့ အိပ်မပျော်ပါဘူး။မျက်စိထဲမှာ ဖီးလစ်၏ မျက်နှာလေးကို မြင်ယောင်နေမိသည်။
ဖီးလစ်နှင့် ကျွန်တော်က ကျွန်တော့် အိမ်တော်ကို သူစ,ရောက်ကတည်းက တစ်အိပ်ရာတည်း အတူတူ အိပ်ခဲ့ကြတာဆိုတော့ ခုလို အိပ်ရာခွဲအိပ်ဖြစ်ကြတော့ ဖီးလစ်ရော အိပ်ပျော်ပါ့မလား ?လို့ တွေးမိပြီး ပိုပြီး အိပ်မပျော် ဖြစ်ရသည်။ဖီးလစ်၏ အကြောင်းကို တွေးမိတော့ စ,တွေ့တုန်းက ဖီးလစ်၏ ပုံစံလေးကို ပြန်သတိရမိပြန်သည်။နောက်တော့ ကျွန်တော့် အိမ်တော်ကို ရောက်လာပြီး မှ ဆံပင်တွေလည်း ရှည်လာသည်။အသားအရောင်တွေလည်း ပိုပြီး စိုပြေကာ လှပလာလေသည်။
ပြီးတော့ တစ်နေ့တစ်ခြား ပိုပိုပြီး လှလာလေသည်။ပိုပြီးတော့လည်း ချစ်စရာ ကောင်းလာလေသည်။
ဟင်းချက်လည်း ဝါသနာပါ၊ပန်းပင်ပြုစုတာလည်း ဝါသနာပါ၊ပန်းအိုးထိုးရတာကိုလည်း နှစ်သက်သော ကောင်ချောလေး ဖြစ်လာသည်။ပန်းပင်တွေကို ချစ်လည်း ချစ်ပုံရသည်။ဖီးလစ်လေးမို့ မီးဖိုချောင်ဝင်နေရင်လည်း တစ်မျိုးဆွဲဆောင်မှု ရှိသလို၊ပန်းပင်တွေကြား ရှိနေချိန်၌လည်း ပန်းပွင့်လေးတွေနှင့် အပြိုင် လှပနေတတ်သည်။ပန်းအိုးထိုးနေချိန်မှာလည်း တစ်မျိုး ကြည့်ကောင်းပြီး ချစ်စဖွယ်ဖြစ်နေတတ်သည်။
ဖီးလစ်၏အကြောင်းကို တွေးရင်း၊တွေးရင်းနှင့်ပင် ဖီးလစ်ကို တပ်မက်စိတ် တွေ ပြင်းပြလာရကာ ဖက်လုံးကို ဆွဲယူပြီး ခွထားလိုက်မိသည်။
"ဟူး........."
သက်ပြင်းတစ်ချက်ကို လွှတ်ချလိုက်မိသည်။မင်းရော ကိုယ့်ကို သတိရနေမှာလား ဖီးလစ်ရယ်။
"ဟား...."
အိပ်ရာထဲမှာ ဘယ်လိုမှ ဆက်မအိပ်နိုင်တော့တာကြောင့် လူးလဲ ထ,ထိုင်လိုက်မိသည်။
ဖြစ်နိုင်ရင် ယခုပင် အခန်းတံခါးကိုဖွင့်ပြီး ဖီးလစ်ရှိရာ အစေခံတန်းလျား ဆီသို့ အပြေးကလေး ထွက်သွားချင်မိသည်။
သို့သော် ယခု ရောက်နေသည့် နေရာသည် မိခင်ဖြစ်သူ၏ အိမ်တော်ဖြစ်သည်ကို တွေးဆချင့်ချိန်မိပြီးမှ အိပ်ရာထက်သို့ စိတ်မပါ၊လက်မပါ ပြန်လှဲချလိုက်ရလေတော့သည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...