အပိုင်း(၂၄)
ထိုနေ့၏နောက်ပိုင်း၌ ကျွန်တော် မြို့တော်အိမ်တော်သို့ ခြေဦးမလှည့်ဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ရသည်။အလုပ်ကိစ္စကြောင့် မြို့တော် ရှိ ရုံးခန်းသို့ သွားရလျှင်ပင် မြို့တော်အိမ်တော်ဘက်သို့ မရောက်ဖြစ်တော့ပေ။
တခါတရံ အစည်းအဝေးပွဲတွေ၊တွေ့ဆုံပွဲတွေ၊ပါတီပွဲတွေ အပြီး၌ ညဘက် မြို့တော်က တည်းခိုခန်းများ၌ အိပ်ဖြစ်လျှင် မြို့တော်အိမ်တော်ဆီသို့ အပြေးကလေး ပြေးသွားချင်စိတ်တွေ ရူးလောက်အောင် ပေါ်ပေါက်လာတတ်လေသည်။
ထိုညမျိုးများ၌ လုံးဝ အိပ်စက်၍ မရ။အိပ်ရာထက်၌ ဘယ်၊ညာ လူးလိမ့်နေရလေသည်။
လုံးဝ မနေနိုင်သည့် အခါ ပြတင်းပေါက်ဝဆီသို့ ပြေးသွားပြီး အပြင်ဘက်၌ မှောင်နေသည့် အမှောင်ကို အကြာကြီး ရပ်ငေးကာ
"ဖီးလစ်ရေ ဖီးလစ်ရေ..."လို့ အော်ဟစ်နေရလေသည်။
တခါတလေပါတီပွဲများ တက်ရသည့် အခါ၌ အရက်ကိုသာ မူးအောင်သောက်ပစ်ပြီး အိပ်ပစ်လိုက်ရသည့် အကြိမ်ရေက ခပ်များများပင်။
ရံဖန်ရံခါ စိတ်ကောင်းဝင်သည့် အခါ ဂျက်ဆီက ကျွန်တော်ပြောလေ့ရှိသည့် စကား တစ်ခွန်းရှိသည်။
"မင်းကောင်လေးကို
မင်း တအားလွမ်းနေရင်လည်း
ငါသွားခေါ်ပေးရမလား?
ခု သွားခေါ်ပေးမယ်"ထိုအခါမျိုးများ၌ ဖီးလစ်၏ စိတ်ခံယူချက်ကို ဂျက်ဆီ့ကို အကြိမ်ကြိမ် ပြန်ပြောပြရသည်။
"ငါက ဖီးလစ်ကို တွေ့ချင်ရင် အခုသွားတွေ့လို့ရတယ်။ဒါပေမယ့် ဖီးလစ်က ငါ့ကို မတွေ့ဘူး ဟေ့ရောင်ရ။
သူက သူ့ကြောင့် အိမ်တော် တစ်ခုလုံးက အစေခံတွေ အနေရ ၊အထိုင်ရကြပ် မှာကို သိပ်စိုးရိမ်ပေးတတ်တဲ့ ကောင်လေးကွ။သူမစိုးရိမ်ပေးတာဆိုလို့
ငါပဲ ရှိတယ်။ငါ့ကိုပဲ သူမစိုးရိမ်တာကွ။
ဟား ဟား ဟား အီးဟီးဟီ။
ငါရူးမတတ် လွမ်းနေရတာကိုလည်း သူမစိုးရိမ်ဘူးကွ""မင်းကလည်းကွာ။
သူလည်း မင်းကို လွမ်းနေမှာပါ""သူက ရည်မှန်းချက် သိပ်ကြီးတာကွ။
သူ့နိုင်ငံကို ပြန်ချင်တယ်။
သူ့မိသားစုနဲ့ တွေ့ချင်တယ်။
ပညာတတ်ကြီး ဖြစ်ချင်တယ်တဲ့လေ။
ပြီးတော့
ငါ့ကို ကောင်းကောင်း ချွေးသိပ်တတ်တယ်။
အဲဒါတွေ အားလုံးဟာ ငါ့နံဘေးမှာ သူထိုက်ထိုက်တန်တန် နေရဖို့တဲ့လေ။
ဟား ဟား ဟား
အီးဟီးဟီး"
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...