ခန်းစက်တော်ဆောင်ထဲက အရှင့်ရဲ့ အကျဉ်းသား
အပိုင်း(၆)
မီးဖိုခန်းထဲ၌ မနက်စာ ပြင်ဆင်နေသော ဖီးလစ်ကို ငေးမောကြည့်နေရသည်က ကျွန်တော့်ရဲ့ မနက်ခင်းတိုင်းကို ပြည့်စုံနေစေသည်။လိင်ကျွန်အဖြစ်သာ ပုံသွင်းပြီး ရောင်းစားခံခဲ့ရပေမယ့် ဖီးလစ်က အစားအသောက်ကောင်းကောင်း ချက်ပြုတ်တတ်သည်။
အခုလည်း အသီးအရွက်သုပ်ရယ်၊နွားသားကင်ရယ် ကင်နေတာ ဖြစ်သည်။
နွားအသားကို မညှီအောင် ထည့်ရသည့် အဆာပလာတွေ ကို ဖီးလစ်က ကောင်းကောင်းကြီး ရောစပ်တတ်သည်။နွားနို့ရယ်၊သကြားရယ်၊ကော်ဖီမှုန့်ရယ် နှပ်ထားသည့် ကော်ဖီကို ဖြည်းဖြည်းချင်း အရသာခံသောက်ရင်း ကျွန်တော့် အိမ်ရှင်မလေး သဖွယ် ကျွမ်းကျွမ်းကျင်ကျင် ၊လှလှပပလေး အသားကင်နေသော ဖီးလစ်၏ လှုပ်ရှားမှုလေးကို ငေးမော ကြည့်နေရတာကိုက ရင်ထဲနွေးနေစေသည်။
မနက်ခင်း တစ်ခုလုံးကို လှပစေသည်။
"ကျွန်တော် ခိုင်းထားတာ မဟုတ်ပါဘူး သခင်လေး"
ကော်ဖီခွက်ထဲသို့ ကော်ဖီငှဲ့ထည့်ပေးရင်းကနေ အိမ်တော်ထိန်းကြီးက ကျွန်တော့်ကို ဖြေရှင်းရှာပါသည်။
ဖီးလစ် ရောက်ကာစက ဖီးလစ်ကို ဘာအလုပ်မှ မခိုင်းဖို့ ကျွန်တော်က ပြောခဲ့ဖူးတာကြောင့် ဖြစ်သည်။
"ရပါတယ် အိမ်တော်ထိန်း၊
လုပ်ပါစေ။
ဒါမှလည်း ဖီးလစ်မှာ သူ့တန်ဖိုးကို သူသိလာမှာ၊သူဘာလုပ်တတ်လည်း သူဘာလုပ်ချင်လည်း သူသိလာမှာပေါ့။
သူ့ကိုသာ ဘာမှ မလုပ်ခိုင်းရင် သူ့ကိုယ်သူ လိင်မှု ကိစ္စ အတွက် အဝယ်ခံထားရတယ် လို့ပဲ တွေးထင်နေတော့မှာလေ။ဒီတော့ သူလုပ်ချင်တာလေးတွေ ရှိရင် လုပ်ပါစေ။အလွန်အကျူးတွေတော့ မခိုင်းနဲ့ပေါ့။ကျွန်တော် သူ့ကို ဘယ်လောက် တန်ဖိုးထားတယ်။ဘယ်လောက် မြတ်နိုးတယ် ဆိုတာလည်း အိမ်တော်ထိန်း အသိပဲ"
"သိပါတယ် သခင်လေး။
သိပါတယ်။
ဖီးလစ်မှ မဟုတ်ပါဘူး။
ကျွန်တော့်လက်အောက်က လူတွေ အားလုံးကို ဘယ်သူ့ကို မှ ကျွန်တော် အလွန်အကျူး မခိုင်းပါဘူး သခင်လေး"
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...