part (09)

3.5K 136 6
                                    

ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့ အကျဉ်းသား
အခန်း(၉)
"ဟင်းတွေက အမေ့အကြိုက်တွေချည်းပါပဲလား"?

အမေ့ အပြောကြောင့် ဖီးလစ်နှင့်ပတ်သက်ပြီး အမေ ပြောလာမည့် စကားတွေကို ကြိုတင်တွေးပူနေရာကနေ စားပွဲဝိုင်းကို လှမ်းကြည့်လိုက်မိသည်။

တစ်ကယ်လည်း စားပွဲပေါ်မှာ အမေ့ အကြိုက် ဖရုံသီးစွပ်ပြုတ်၊ပေါင်မုန့် အသားညှပ်နှင့် ဆိတ်ပေါင်ကင်များကို တွေ့ရလေသည်။

"အဟင်း
အိမ်တော်ထိန်းကြီး
အိမ်တော်ထိန်းကြီး မနေ့က ဖရုံသီးစွပ်ပြုတ် စားချင်တယ်လို့ ပြောတော့ ဈေးထဲမှာ ဖရုံသီး မရဘူးလေး ဘာလေးနဲ့ အခုကျတော့ သူ့ သခင်မလည်း လာရော ဖရုံသီးကို ရအောင်ဝယ်လာတယ်"

ကျွန်တော့် စကားကြောင့် အမေက ရယ်နေလေသည်။သူ့အစေခံတွေက အခြေအနေအရ သူမနှင့် အတူတူ မနေရသည့် တိုင် ကျွန်တော့်ထက် သူမကို ပိုသံယောဇဉ်ရှိတာကို သူမ သဘောကျသည်။

"ကဲပါ အက်ရယ်။
အခု အမေနဲ့ အတူတူ စားရပြီပဲ။
ဘာတွေ  ပစိပစပ်များနေတာလဲ?
အသီးအနှံဆိုတာလည်း ရောင်းတဲ့သူရှိအုံးမှ ဝယ်လို့ရပေမပေါ့"

"ဟုတ်ပါပြီ အမေရ။
အမေ့ရဲ့ အိမ်တော်ထိန်းကြီးကိုရော စားဖိုမှူးကိုရော မဆူတော့ပါဘူးဗျာ
ဟဲဟဲဟဲ"

"ဟွန်း
ရော့ စား
ဆိတ်ပေါင်ကင်"

"ဟုတ်ကဲ့"

"အလုပ်တွေချည်းပဲ စွတ်လုပ်မနေနဲ့ စာလေး ဘာလေးဖတ်၊
လမ်းလေး ဘာလေးလျှောက်၊
ရေလည်းမှန်မှန်သောက်၊
အစားကိုလည်း ဝင်အောင် စား နော် သား"

"ဟုတ်ကဲ့ပါ အမေရဲ့"

"ဪ ဒါနဲ့ ဟို အသစ်ရောက်လာတဲ့ ကောင်လေးဟာ နာမည် ဘယ်သူကွဲ့"

အမေ့ဆီမှ ဖီးလစ်၏ အကြောင်းကို ကြားလိုက်ရသောအခါ ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားလေသည်။
ပုံမပျက်အောင် ထိန်းသိမ်း ထိုင်နေရင်း
ဘာမှ မဖြစ်သလို ဖြေလိုက်ရသည်။

"ဖီးလစ်လေ အမေ"

"ဒီကောင်လေးကို အမေ
သဘောကျတယ်ကွဲ့"

"ဗျာ အမေ"

"မနက်က သူပန်းပင်လေးတွေကို ဂရုစိုက်နေတာ အမေဖြင့် သိပ်သဘောကျတာပဲ"

ခန်းစက်တော်‌ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞Where stories live. Discover now