ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့အကျဉ်းသား BL Fiction
အပိုင်း(၁၆)
အားတင်းပြီး ပြေးလိုက်ခဲ့ရဟန်တူသည့် ဖီးလစ်၏ ကိုယ်လုံးလေးက ပွေ့ဖက်လိုက်သည့် ကျွန်တော့်ရင်ခွင်ထဲသို့ လဲပြိုကျလာလေသည်။
သူအသက်ကို မနည်းကြီး ရှူသွင်း၊ရှူထုတ်လုပ်နေရသည့် အခြေအနေမျိုးမို့ ဘာမှလည်း မမမေးရက်၊ဘာမှလည်း မပြောရက်ပဲ ဒီအတိုင်းလေး ေပွ့ထားလိုက်မိလေသည်။ဖြစ်ရလေ ဖီးလစ်ရယ်။
ဘာဖြစ်လို့ များ အမောတကော ကားနောက်ကို ဒီနေရာအထိ ပြေးလိုက်လာရတာတဲ့လဲ?။ထိုးမေးခွန်း၏ အဖြေကို ကျွန်တော်ကိုယ်တိုင်လည်း သိသလိုလိုပင်၊တစ်ကယ်ဆို ဖီးလစ်က ကျွန်တော် သူ့ကို ဆိုင်မွန်နှင့် သဝန်တိုပြီး စိတ်ဆိုးသွားသည်ဟု ထင်လို့ ပြေးလိုက်လာတာများလား?
ဒီလိုတွေးလိုက်တော့ ကျွန်တော့်ရင်ထဲ ကို တစ်ဆို့သွားစေသည်။
ကြည့်စမ်း ချစ်ရသည့် ကောင်လေးခမျာ မြေနိမ့်ရာ လှံအစိုက်ခံနေရသည့် ကြားက ဒီတစ်ခါ လှံစိုက်သည့် သူက ကျွန်တော်ကိုယ်တိုင် ဖြစ်နေတာပါ့လား ဟုတွေးကာ ငိုချင်သလိုလိုပင်ဖြစ်မိသည်။အနည်းငယ် အမောပြေသွားသည့် အခါ ဖီးလစ်က ကျွန်တော့်ကို လှမ်းဖက်လေသည်။
"အ အရှင်"
"ဟင်"
"ကျွန်တော့်ကို စိတ်မတိုပါနဲ့။
ကျွန်တော်နဲ့ ဆိုင်မွန်က တစ်ကယ် ဘာမှ မဟုတ်ပါဘူး ဗျာ"ကျွန်တော် ဖီးလစ်ကို ေပွ့ထားရာကနေ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"အဲဒါကြောင့် ဒီလို ကားနောက်ကနေ ပြေးလိုက်လာတာ ပေါ့
ဟုတ်လား"?"ဟုတ်ကဲ့"
"ကိုယ် မင်းကို စိတ်မတိုပါဘူး ဖီးလစ်ရယ်။ကိုယ်က ဒီအတိုင်းပဲ မင်းအနားမှာ ဆိုင်မွန်က တကပ်ကပ် ဖြစ်နေတာကို ကြည့်မရလို့ ပြောမိတာပါ...........
စိတ်လည်း မတိုဘူး။
စိတ်လည်း မဆိုးဘူး။
မင်းက ကိုယ့်ကိုပဲ ချစ်တယ်ဆိုတာ ကိုယ်သိတာပေါ့""တစ်ကယ်လား အရှင်
တစ်ကယ်လား"?အခုမှ စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် ဖီးလစ်၏ မျက်နှာလေး ဝင်းလက်သွားလေသည်။
YOU ARE READING
ခန်းစက်တော်ေဆာင်တွင်းက အချစ်ရဲ့ အကျဉ်းသား🔞
Romanceငွေဝယ်ကျွန်ခေတ်ကို ပြန်သွားကြည့်ရကြရအောင်။ အဲဒီခေတ်က ကြေးရေတတ် လူတန်းစား တစ်ချို့က တိတ်တိတ်ပုန်းဂေးနေကြတယ် ဆိုကြပါစို့။ သူတို့လို လူတွေ အတွက် ကောင်ငယ်ချောချောလေးတွေကို အလှဆင်ယင်ပြီး ကိုယ်လုံးတီး လမ်းလျှောက်ပြခိုင်းပြီး လေလံတင် ရောင်းချတဲ့ တိတ်တိတ်ပု...