တောရိုင်းပန်းတို့မညိုးစေချင်။

3K 84 0
                                    

(1)

" တယောငယ်၊ သမီး အထူးကုဘွဲ့ရပြီဆိုတော့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ မေမေ အလုပ်သွင်းပေးထားတယ်။"

"ဟင့်အင်း မေမေ။"
"တယောငယ်၊ သမီးဘာပြောချင်လဲဆိုတာ ငါသိတယ်။ အမေကကောင်းတာလုပ်ပေးတာကို ချော်မထွက်ဘဲအေးဆေးနေ။"

"မရဘူးမေမေ၊ ဖေ့ဖေ့ ရည်းမှန်းချက်ကြောင့်ဒီဆေးကျောင်းကိုတတ်တာ၊ ဖေဖေ့မျှော်လင့်ချက်ကြောင့်..."

"တိတ်စမ်း တယောငယ်။"

" နင့်အဖေ ရဲ့ဘာမဟုတ်တဲ့ လမ်းဘေးက ရည်မှန်းချက်ကြောင့် သူကိုယ်တိုင်လည်း သေပြီးပြီ။"

"မေမေ!"
သာမန်ထက် ပိုတဲ့စကားပြောသံကြောင့်
ဒေါ်ရတီလှိုင်း မျက်နှာကြောတင်းတင်းနဲ့ တယောငယ်ကိုလှမ်းကြည့်လာသည်။

မိခင်ဖြစ်နေသည် ဆိုတဲ့ အသိကြောင့် သက်ပျင်းခပ်ဖွဖွ ချကာ မက်တပ်ထရပ်လိုက်သည်။ ဒေါ်ရတီလှိုင်း ရဲ့ မျက်လုံးကိုတည့်တည့်ကြည့်ကာ

" တယောငယ်ဆိုတဲ့ဖေဖေ့သမီးက ဘယ်လောက် ခေါင်းမာ သလဲ မေမေပိုသိမှာပါ၊ အဖေနဲ့တူတဲ့သမီးလို့မေမေခဏခဏပြောဖူးတယ် မဟုတ်လား၊ ဖေဖေ့မျှော်လင့်ချက်က သမီးဘ၀ရဲ့တစ်စိတ်တပိုင်းဘဲမေမေ၊ မေမေတားလို့မရမှန်းမေမေသိပါတယ်၊ ဘယ်သူမှတားလို့မရဘူးဆိုတာလည်းမေမေသိပါတယ်။"

"တယောငယ် ...!"
နောက်မှကျန်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ဒေါသ ကိုလျစ်လျူရှုကာ ကားသော့ယူလာအိမ်အပြင်ထွက်လာခဲ့သည်။
ဖိနပ်စင်က ရှုးဖိနပ်ကို ကောက်ကိုင်ကာ

"ဖေဖေ့ ရည်မှန်းချက်က လမ်းဘေးက အရာ မဟုတ်ဘူးမေမေ၊ ကြီးမားတဲ့မေတ္တာမျှော်လင့်ချက်၊ အဲ့ဒီမျှော်လင့်ချက် ကို သူ မဖြည့်နိုင်ခဲ့ပေမဲ့ တယောငယ်ဆိုတဲ့ဖေဖေ့ သမီးက ဖြည့်ပေးနိုင်ရလိမ့်မယ်။"

ထိုစကား တစ်ခွန်းသာ ပြောပြီး ကားဆီ ထွက်လာခဲ့သည်။ ထိုအချိန်မှာဘဲ ခြံထဲသို့ နှင်းဆီပန်း စည်းကိုင်ကာ ၀င်လာတဲ့ ယွန်းထက်မေ ကအူကြောင်ကြောင်လေးနှင့် ရာသီဥတုမကောင်းဘူးဆိုတာ သိလိုက်သည်။

ဒီသားအမိ ကတောက်ကဆ ဖြစ်ပြန်ပြီ...။

"မမ"

"လိုက်မှာလား မောင် ၊ လိုက်မယ်ဆို ကားမောင်း။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now