တောရိုင်းပန်းတို့မညိုးစေချင် (7)

805 42 2
                                    

                                  (14)
တနေ့လုံးနေ့ခင်းစာတောင် မစားနိုင်ဘဲ အလုပ်တွေရှုပ်နေတာကြောင့် ယွန်းထက်မေ တစ်ယောက် မောဟိုက်နေသည်။
အချိန်ကြည့် တော့ ညနေ ၃နာရီထိုးနေပြီဖြစ်တာကြောင့် တစ်နေ့လုံးဘာမှမစားရသေးတဲ့ဗိုက်ကို ဖြည့်ဖို့ အပြင်ထွက်လာရသည်။

ဘွဲ့ရပြီးထဲက ကုမ္မဏီကို ဦးစီး လာရတာကြောင့်အားလပ်ချိန် မရှိတဲ့အထိကို အလုပ်တွေများပြားနေလေသည်။

ထွက်ပေါက်မရှိတဲ့အထိ စိတ်တွေမွန်းကြပ်လာတဲ့အခါ စားပွဲခုံပေါ်က မမရဲ့ပြုံးရီနေတဲ့ဓာတ်ပုံလေး ကိုကြည့်ပြီး ဖြေသိပ့်ရသည်။ သိပ်ကိုလွမ်းလာရင်တော့ မမရဲ့ အခန်းထဲမှာ ခြောက်သွေ့စ အငွေ့အသက်တွေနဲ့ အတူ မျောလွင့်လိုက်သည်။

ချစ်ရသူ ပျော်ရွှင်နေပါသည်ဆို တဲ့သတင်းတွေကိုတော့ ဟန့်ဆီက တစ်စွန်းတစ်စ ကြားရပါသည်။
တခါတလေ ကံတရားဟာ သိပ်ကို မှဆန်းကြယ်ဖို့ကောင်းသည်၊ အပူတပြင်းလိုက်ရှာနေတဲ့သူဆီကိုမှ လမ်းကြောင်းဟာ အတိအကျရောက်လာခဲ့သလိုမျိုး...။

မမဆီကို မောင်ရောက်အောင်လာပြီး ပြန်လာခေါ်မှာ မို့လို့ မောင့်ကို အချိန်ခဏ အထိ ဆက်စောင့်ပေးပါအချစ်ရယ်...။

လွမ်းတယ်လို့ လူသိရှင်ကြားအော်မပြောယုံတမယ်ပါဘဲ ...၃ နှစ်ကျော်ကြာလမှာ မောင်ဟာ တကယ်ကို ကလေးတစ်ယောက်လို မမရဲ့ နွေးထွေးမှုကို တောင့်တမိပါရဲ့...။

ဒေါက်...ဒေါက်...

" ၀င်ခဲ့ပါ။"

" ကျွန်တော်ပါ မယွန်းထက်မေ။"

" ကို ရတုပိုင်။"

" မှတ်မှ မှတ်မိပါ့မလားလို့။"

"လိုရင်းဘဲ ပြောပါ၊ ကျွန်မ စကားအပိုတွေမပြောချင်ဘူး။"

"ဟုတ်ပြီဗျား၊ ကျွန်တော်လဲ အဲ့လို ပြတ်သားတာကိုကြိုက်တာ။"

"ကျွန်တော်အရင်က ပြောဖူးတဲ့အတိုင်း...။"

"Shong ဆောက်လုပ်ရေး ကုမ္မဏီကို ရှင့်ကိုပေးဖို့လား။ စိတ်မကောင်းပါဘူး...လက်လျော့လိုက်ဖို့ အကြံပေးပါရစေ။"

" အခုအချိန်ထိ အဲ့ကုမ္မဏီအပေါ်ပေးဆပ်ခဲ့ရတာ ကျွန်တော်ပါ မယွန်းထက်မေ၊ ခင်ဗျား တို့ ပျော်ပါးနေတဲ့ အချိန်မှာ ငါက လူငယ်ဘ၀တွေ၊ ငါ့ပျောရွှင်မှုတွေကို စတေးပြီး အဲ့ကုမ္မဏီအတွက် လုပ်ခဲ့ရတာကွ၊ မင်းကျ အသာလေး ရပြီး၊ ငါကျဘာလို့ မထိုက်တန်ဘူးလို့ပြောရတာလဲ။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now