တောရိုင်းပန်းတို့ မညိုးစေချင် (15)

912 49 2
                                    

                                (25)

ညက သောက်ထားတဲ့ အရှိန်ကြောင့် ကိုက်ခဲနေတဲ့ခေါင်းကို လက်ချောင်းလေးတွေနဲ့ဖိရင်း ဘေးဘီကို ကြည့်လိုက်တော့ ထက်ကို မတွေ့ရတာကြောင့် တော်ပါသေးရဲ့ ဆိုသည့် စိတ်က ရောက်လာသည်။
အသိစိတ်ရှိပေမဲ့ မူးနေတာပါရောချပြီး မောင့်ကိုတညလုံးဖတ်ထား လိုက်မိတဲ့ သူမကိုယ်သူမလဲ အမူးပြေမှ ရှက်စိတ်လေး ၀င်မိသွားသည်။အချိန်ကြည့်တော့ မနက် ၉ နာရီတောင် ရှိပြီဖြစ်တာကြောင့် တော်တော် နောက်ကျနေပြီ ၊ အိမ်ရှေ့ထွက်တော့ ဟန်လေးက အခုထိ မထနိုင်သေး၊ 
ညက သောက်စားထားတဲ့ ခွက်တွေကတော့ စီရီပြီး စားပွဲခုံပေါ်မှာ သန့်ရှင်းနေသည်။

မောင် ရှင်းပေးထားတာဘဲဖြစ်မည်။
စိတ်ထဲက အမှတ်ပေးလိုက်မိပေမဲ့ မောင့်ရဲ့ အရှုပ်သတင်းကိုတော့ မှတ်မိပါသေးသည်။
ပြန်မချော့နိုင်အောင် စိတ်ကိုမာ ထားမှ ၊ မဟုတ်ရင် ညက ကိစ္စ ကြောင့် သူမ မောင့်ရှေ့မှာ ရှက်နေရမည် မဟုတ်လား...။

ဘယ်လိုဘဲ ဖြစ်ဖြစ် အကြာကြီး ခွဲနေရတဲ့ မောင်ရင်ခွင်နွေးနွေးမှာ အိပ်စက် ခဲ့ရသည် ကတော့ အိပ်မက် တစ်ခုမဟုတ်...။

ရေမိုးချိုး အ၀တ်အစားလဲကာ ကျောင်းကိုသွားဖို့ပြင်ဆင်ရမည်။ ဟန်လေးကိုတော့ ထက်ပြန်လာမှ နှိုးခိုင်းလိုက်တော့မည်ဟုတွေးထားခဲ့ပေမဲ့
ထက်က တော်တော်နဲ့ ပြန်မလာ ၊ မနက်ထဲက ဘယ်အချိန် ထွက်သွားလဲမသိ၊ အချိန်ကလဲ ၁၁ နာရီကျော်နေပြီ ဖြစ်တာကြောင့် စိတ်ပူပြီးရွာ ထဲကို ရှာဖို့ ထွက်လာရသည်။ ဟန်လေး ကိုတော့မတတ်နိုင် တံခါးဘဲပိတ်ထားခဲ့လိုက်ရသည်။

ရွာလမ်းက လူတွေကိုမေးကြည့်မှ ကျောင်းဘက်သွားတာတွေ့လိုက်သည် ဆိုလို့ ရင်ထဲပေါ့သွားရသည့် အတွက် ကျောင်းဘက်ကိုသာ တန်းလာခဲ့လိုက်တော့သည်။
စိတ်ပူတာထက် မောင် ပြန်သွားမှာကို စိုးရိမ်မိသည် က ပိုမှန်ပါလိမ့်မည်။ မသိစိတ်က မောင့်ကိုဒီလောက်တောင် မျှော်လင့်ခဲ့ရပါသည်။

ကျောင်းရောက်တော့ မမနွေး ကိုတွေ့တာကြောင့်

" မမနွေး"

"ဟယ် ...ငယ် နေမကောင်းဘူးဆို၊ ဘာလို့လဲ၊ အခုရော သက်သာလား။"

" ဟင် မမနွေး ကိုဘယ်သူပြောတာလဲ။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now