တောရိုင်းပန်းတို့မညိုးစေချင်(5)

871 54 0
                                    

                                  (9)

နှစ်ဖက်လူကြီးမိဘ တွေရဲ့ လက်ခံမှုကြောင့် စေ့စပ်ကြောင်းလမ်းခြင်းကိစ္စ ပြီးစီးသွားသည်။

မင်္ဂလာအချိန် တစ်ခု ကို ပျော်ရွှင်စွာ ကျင်းပ နေချိန် ပုန်းလျှိုးကွယ်လျှိုးနဲ့ ကောင်မလေးတစ်ယောက်ကို ကုက္ကိုလ်ပင်အောက်မှာ တယောငယ် တွေ့ နေရတာ ကြာပြီ ဖြစ်တာကြောင့် စပ်စုချင်စိတ်ဖြစ်လာသည်။

နောက်ကနေတိတ်တိတ်လေး ကပ်သွားကာ ထိုကောင်မလေး နားရောက်တော့

" ဟိတ် " လက်ခုပ်တီးလိုက်ကာ ခြောက်လှန့်လိုက်ခြင်းကြောင့် ဟန်လေးတစ်ယောက် လန့်ဖြန့်ကာ မြေကြီးပေါ် ဖင်ထိုင်လျှက် လဲကျသွားသည်။

" ခင်ဗျား ဗျာ၊ ဘယ်လိုဖြစ်လို့..."

အပစ်တင်ကာ ပြောနေတဲ့ထိုကောင်မလေးရဲ့ မျက်၀န်းထဲမှာ မျက်ရည် စတွေကို တွေ့လိုက်ရတာ ကြောင့် တယောငယ် အားနာစိတ် ရော သနားစိတ်ရော ရောထွေးသွားသည်။

" sorry ပါ ၊ မင်းဒီမှာ ဘာလို့ ကုပ်ချောင်းကုပ်ချောင်းဖြစ်နေလဲ သိချင်တာ နဲ့ခြောက်လှန့်ဖို့ တွေ့လိုက်မိလို့ပါ။"

" ခင်ဗျား ဆိုရင်ရော ကိုယ်ချစ်တဲ့သူ မင်္ဂလာပွဲကို ပြုံးရွှင်ပြီးတတ်နေမှာလား။"

"မဟုတ်မှ ၊ မင်းက ဟန်လေး ဆိုတာလား။"

"ဟုတ်တယ်"

" တို့ မရည်ရွယ်ပါဘူးကွယ်၊ မင်း ဟန်လေးမှန်းတို့မသိလို့ပါ၊ sorry ပါ။"

"ရပါတယ်။"

" မင်း အဆင်ပြေရဲ့လား။"

" ​သတင်းကြားကြားချင်းကတော့ အဆင်မပြေဘူး၊ အခုတော့လဲ တဖြည်းဖြည်း နဲ့ အဆင်ပြေလာပါပြီ။"

" မင်းကို လက်ပံက အားနာနေတာ။"

ထိုစကားကြားတော့ ဟန်လေးက ခပ်မဲ့မဲ့ ရီလိုက်ကာ

" အားနာတတ်သေးတယ်ပေါ့။"

" သွေးသား ဖွံဖြိုးနေစ ကာလ မှာ အရာရာကိုစမ်းသပ်ချင်တဲ့ စိတ်နဲ့ လူတိုင်းက မှားဖူးကြတာဘဲလေ။"

" သူမမှားပါဘူး၊ သူကို အကောင်းဆုံးဘ၀မှာ ထားချင်လွန်းလို့ ရန်ကုန်မှာ ကျောင်းသွားတတ်မိတဲ့ ကျွန်တော်ဘဲ မှားတာ။ ကျွန်တော်က သူ့ကို ထားခဲ့မိတာ ကျွန်တော့အပစ်ပါဘဲ။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now