တောရိုင်းပန်းတို့မညိုးစေချင်(9)

813 46 0
                                    

                               (17)

ဘာစကား တစ်ခွန်းမှမပြောဘဲ ကော်ဖီကို အေးဆေးထိုင်သောက်နေတဲ့ ယွန်းထက်မေကို ကြည့်ရင်း ဒေါ်ရတီလှိုင်း ကြောက်နေမိသည်။
ပြီးခဲ့တဲ့ ကာလတွေကနေစပြီး ယွန်းထက်မေ က အရင်ကအတိုင်း မဟုတ်တော့ဘဲ ပိုခတ်ထန်လာသည်။ ပိုကြောက်ဖို့ကောင်းလာသည်။
သောက်လက်စ ကော်ဖီခွက်ကို ထက် က ကော်ဖီ ပန်းကန်ပြားပေါ်သို့ အသာအယာချလိုက်ကာ

" ဒေါ်ရတီလှိုင်း။"

"..."

"ကျွန်မ ကိုဖုံးကွယ်ထားတာ ၊ညာထားတာ ၊ ကျွန်မ လုံး၀မကြိုက်ဘူးဆိုတာ သိတယ် မဟုတ်လား။"
ဒေါ်ရတီလှိုင်းကို ကြည့်နေတဲ့ ထက်ရဲ့မျက်လုံးတွေဟာ မီး၀င်း၀င်းတောက်နေသည်။ ထိုမျက်လုံးတွေကို ဒေါ်ရတီလှိုင်း ရင်မဆိုင်နိုင်စွာ စားပွဲခုံပေါ်က ဖိုင်အပြာရောင် ကိုသာ စိုက်ကြည့်နေမိသည်။
သူမပုံစံက သူမအိမ်ထဲကိုရောက်လာတဲ့ဧည့်သည်ကို ပြန်ကြောက်နေရသည့် ဓားစာခံတစ်ယောက်လို

"  ဘာလို့ ဖုံးကွယ်ထားတာလဲ၊ သိရဲ့သားနဲ့ အဆက်အသွယ်ရှိရဲ့သားနဲ့ဘာလို့ တစ်ခွန်းမှမပြောခဲ့တာလဲ ဒေါ်ရတီလှိုင်း!"
ထက်ရဲ့အော်သံနှင့်အတူ စားပွဲခုံပေါ်သို့ လက်ဖြင့် ထက်က အားနဲ့ရိုက်ချလိုက်တာကြောင့်
ဒေါ်ရတီလှိုင်း တွန့်သွားခဲ့သည်။

ကြောက်စိတ်ကို အတတ်နိုင်ဆုံး ဖုံးကာ ဖြေရှင်းချက်တစ်ခု ပေးရတော့မည်။ဘာမှမပြောဘဲ ဆက်ထိုင်နေရင် ထက်ရဲ့ ဒေါသပိုဆိုးလာမှာစိုးရိမ်ရတာကြောင့်။

" ငါသားသမီးချင်း ကိုယ်ချင်းစာခဲ့တယ်ထက်၊  ငါ့သမီး ရဲ့ အဓိပ္ပာယ် မရှိတဲ့လုပ်ရက် အတွက် သူများသားသမီးရဲ့ တတ်လမ်း ပိတ်သွားမှာကို ငါကိုယ်ချင်းစာခဲ့တယ်၊ ငါသာ ချက်ချင်းပြောလိုက်ရင် မင်းလိုက်သွားမှာ ကြောင့်၊  မင်း မမ ကိုယ်တိုင်က လုံး၀ မပြောဖို့ မှာခဲ့တာ ။ "

" သူများပြောမှ ကျွန်မက သိခဲ့ရတာ လေ ဒေါ်ရတီလှိုင်း၊ တစ်ချိန်လုံးအရူးလို ငိုယိုနေခဲ့ရတာ၊  အဲ့ဒီရွာက ဟန်လေးနဲ့သာ မတွေ့ခဲ့ရင် ကျွန်မ  မမကို ရှာတွေ့ဖို့ လမ်းပျောက်နေအုံးမှာဘဲ။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now