တောရိုင်းပန်တို့ မညိုးစေချင် (23)

545 31 3
                                    

                              (38)

ခန္ဓာကိုယ်တစ်ခု လုံး ကိုက်ခဲစွာနိုးလာရသည်၊ ဆေးသောက်လိုက်ရင် သက်သာမယ် ထင်ခဲ့တာ ၊ အခုပိုတောင်ဆိုးနေသလို၊ ထက်အားယူကာထလိုက်ရင်း ကျောင်းဆီသွားဖို့ ပြင်ဆင်ပြီး မမအတွက် မနက်စာ ထမင်းကြော်ပြင်ပေးပြီး ထွက်လာခဲ့တော့သည်။
နာကျင်မှုဒဏ်ကြောင့် လူက သိပ်မဟန်ချင်၊ စိတ်ကိုထိန်းကာ ပြင်ဆင်လိုက်ပြီး ကျောင်းကိုသွားတဲ့လမ်းမှာ ထက်ပိုင်ကိုတွေ့တော့ သူမ စိတ်တွေတိုသွားရသေးသည်၊ ထက်ပိုင်က တော့ သူ့ကို မမြင်၊

ကျောင်းရောက်တော့လဲ ဟန်လေးက ညက ဘယ်လောက်တောင်သောက်ထားသည်မသိ မျက်နှာက ဖောင်းအစ်လို့နေသည်။

" ဟိုကောင် ၊ မင်းညက သောက်ပြီး မအိပ်ဘူးလား။"

"အင်း နည်းနည်းနောက်ကျသွားတယ်၊ ထက်ရော အဆင်ပြေရဲ့လား၊ ကြည့်ရတာတော့ မဟန်ဘူးနော်။"

"ပြေပါတယ်ကွာ၊ ဆေးသောက်ထားတယ်။"

"နားလိုက်မလား။"

"ရပါတယ်။"

အလုပ်သမားတွေရောက်လာမှစ ရမှာဖြစ်တာကြောင့် ဟန်လေးရဲ့ ဆုံးဖြတ်ချက်တွေ ထက်ကို ပြောနေမိသည်။ထက် က ပြုံးလိုက်ကာ

" ငါ ပြောတဲ့စကားတွေက အလကားမဖြစ်ဘူးဘဲကွ ...ဟမ်။"

" ကျွန်တော် မမနွေးကို မရရအောင်ယူမှာ ထက် ၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ၊ သဘောမတူရင် ခိုးပြေးမယ်။"

"ဟ ဟုတ်လှချည်လား၊ မင်း မျက်နှာမှာ အားသန်မှုတွေပေါ်နေတာဘဲ၊ ကြိုက်တယ် ငါ့ကောင် ၊ မင်းမှာ လိုနေတာ စိတ်တစ်ခုဘဲ၊ ကျန်တာ ငါအကုန်စီစဥ်ပေးနိုင်တယ်။"

ထက်စကားကြောင့် ဟန်လေး ပြုံးရုံသာပြုံးလိုက်သည်။

တယောငယ် နိုးလာတော့ စားပွဲပေါ်မှာ ပြင်ပေးထားခဲ့တဲ့ မနက်စာ ကို ကြည့်ကာ ပြုံးလိုက်သည်။
ပန်းကန်အောက်က သူသွားပြီးဖြစ်ကြောင်းရေးထားတဲ့ စာ ကိုမြင်တော့ သွားဖြူဖြူ လေတွေ ပေါ်အောင် ရီလိုက်ရင်း ...

တို့ ကိုအလေးထား တာကို သိပ်သဘောကျတာဘဲ မောင်...။

#             #            #

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now