(7)
" ဗျို့ဆရာမလေး ....ဆရာမလေးရေ့။"
စနေနေ့ဖြစ်တာကြောင့် စာအုပ်ထိုင်ဖတ်ရင်း အနားယူနေစဥ် ကိုပေတူး ရဲ့အော်ခေါ်သံကြောင့် အိမ်ရှေ့ သို့ထွက်လာခဲ့သည်။
" ဘာဖြစ်လို့လဲ ကိုပေတူး။"
" လက်ပံ လေ ၊ ယာထဲမှာ မူးလဲ လို့ဗျ။"
"ဟယ် ၊ ဘယ်လိုဖြစ်ရတာလဲ ၊ အခုရော။"
"ကျေးလက် ဆေးပေးခန်းမှာ အခု ပို့ထားတယ်။"
"ဟုတ်ပြီ၊ ဟုတ်ပြီ ကျွန်မလိုက်လာခဲ့မယ်။"
ကိုပေတူးနောက်သို့ဆရာ၀န် နားကျပ်လေး လည်ပင်း၌ တင်ကာ ခပ်သွက်သွက်လိုက်လာခဲ့သည်။
ဆေးပေးခန်းရောက်တော့ သူနာပြုမလေး ကအရင် စမ်းသပ်နေတာ ကြောင့် အကျိုးအကြောင်းမေးကြည့်ရသေးသည်။
" ဒေါက်တာ ရောက်လာမှဘဲ ရှင်၊ ကျွန်မ တော့ မပြောတတ်တော့ပါဘူး။"
"ဘာဖြစ်လို့လဲ မသီတာ။"
မျက်နှာ မသာမယာဖြစ်နေတဲ့သူနာပြု မလေးကြောင့် လူနာတစ်ယောက်ထဲကိုသာ အခန်းထဲထားခဲ့ရန် မိဘတွေကို မှာကြားရသည်။
နားကျပ်ဖြင့် နှစ်ခါမြောက် စမ်းသပ်ပြတဲ့အချိန်မှာ သူမ မျက်နှာ ပျက်ယွင်းစပြုနေပြီ
" သမီး ဆရာမ မေးတာ သေချာလေး ဖြေပေးနော်။"
"ဟုတ်ကဲ့"
"အသက်က "
"၁၈ ပါ ဆရာမ။"
သူနာပြု မသီတာ နှင့် မသာမယာ အကြည့်ချင်းဆုံနေကြရပြီ။
တကယ်များ သူမတို့ထင်သလို..." သမီး ဒီလအတွက်ရော ရာသီ ပုံမှန် လာပြီးပြီလား။"
မပွင့်မလင်းကျေးလက် က အပျိုလေးတစ်ယောက် ဆိုတော့ ပြောပြဖို့ကိုရှက်နေတာ တယောငယ် တစ်ယောက် သိတာကြောင့်
" မရှက်ပါနဲ့ ၊ ဆရာမတို့ မိန်းကလေးတွေဘဲ ရှိတာ ပွင့်ပွင့်လင်းလင်းပြောဖို့လိုတယ်နော်။"
" ဟုတ်ကဲ့ရှင့်။"
"သမီး ဓမ္မတာ မလာတာ တော်တော်ကြာပါပြီ။ ၂ လ ၊၃ လ လောက်တော့ ရှိပြီ။"
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Aksiyonဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...