တောရိုင်ပန်းတို့မညိုးစေချင် (31) End.

1.3K 44 4
                                    

                                (52)

အချိန်တွေက ကုန်တာ မြန်ဆန်လွန်းသည်။ ၈လအတွင်းမှာ ထက် ကလဲ ကုမ္မဏီခွဲ တွေထပ်ဖွင့်ပြီး ဦးစီးနေရတာနဲ့ မအားလပ်နိုင်၊ ဒေါက်တာတယောငယ်မှာလဲ မြပုလဲသွယ်ရဲ့ ဆေးရုံမှာ အထူးကုဆရာ၀န် တစ်ယောက်ပင် ဖြစ်နေပြီ။ ဟန်လေး ကတော့ ထက်ရဲ့ ကုမ္မဏီ ကနေခွဲထွက်ကာ ကိုယ်ပိုင် CEO အဖြစ် လုပ်နေပြီး Shoung Company ရဲ့ ရှယ်ယာရှင်ကြီးတွေထဲက တစ်ယောက်ဖြစ်နေလေပြီ။

" မောင် ရေ မပြီးသေးဘူးလားကွယ်။"
အိမ်ရှေ့မှာထိုင်ကာ ပြာယာခတ်နေတဲ့ တယောငယ် ကိုမိခင်ဖြစ်သူ ဒေါ်ရတီလှိုင်း အမြင်ကပ်လာသည်။

" သမီးငယ် ရယ်၊ ထက်မှာ မနက်တွေအစောကြီးထပြီး၊ ညဘက်တွေ နောက်ကျမှ ပြန်လာရတာ၊ နည်းနည်းပါးပါးအေးဆေးလုပ်ပါစေအုံး။"

" မေမေကလဲ ကိုယ့်သမီး ဘက်ပါမယ် မရှိဘူး အဲ့ချွေးမသမက် ဘက်ဘဲ ဦးစားပေးနေတယ်။"

"ဟောရှင်... ။"

"မောင်ရေ ...ယွန်းထက်မေရေ...!"

"လာပါပြီမမရဲ့ ၊ လာပြီ လာပြီ။"
စတိုင်ပန်အနက်ကလေးနဲ့ ရှပ်အကျီအပြာရောင်လေးအား ကျယ်သီးတပ်လျှက် ပြေးဆင်း လာတဲ့ မောင့် ​ကို တယောငယ် မျက်စောင်းထိုးမိသည်။

" နောက်ကျနေတော့မယ်။"

" မကျပါဘူးဗျ၊ ကျောင်းဖွင့်ပွဲက နောက်၂ရက် လောက်မှ ရောက်မှာကို။"

" နောက်ဆုံးတစ်ခေါက်သွားလည် ထဲက ထပ်မရောက်ဖြစ်တာ ဘယ်လောက်တောင်ကြာပြီလဲ၊ မြန်မြန်လုပ်။"

" အခု သွားတော့မလို့လား၊ နေကြအုံးလေ မနက်စာစားသွားအုံးလေ။"

မီးဖိုထဲက နေ အေပရွန် ပန်းရောင်လေး ၀တ်ကာ ထွက်လာတဲ့ သမုဒယ ကို ထက်နဲ့ တယောငယ်က မျက်လုံးပြူးကြည့်နေမိသည်။ လက်မှာလဲ ဇွန်းတစ်ချောင်းနဲ့...

" ဟေ့ရောင် ပန်းရောင်ကြီးနဲ့။"

" ၀န်ကြီး၀ယ်ပေးတာ။"
ထိုစကားကြားတော့ ထက်က နဲ့တယောငယ်က ရီချလိုက်ကာ သမုဒယ အဖြစ်က တကယ်ကြည့်ရတာမလိုက်မဖက်
တကယ် တမ်းပြောရရင် အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ သမုဒယ က ဘယ်လိုမှ ပန်းရောင်နဲ့ မအပ်စပ်နေ၊ ​ယခုသူ့ပုံစံက ကိုရီးယားကားတွေထဲက ဂိုဏ်းစတားတွေ အိမ်ရှင်မ လုပ်နေရတဲ့ပုံစံဖြစ်နေကာဒေါ်ရတီလှိုင်းမှာတော့ ကြိတ်ရီနေလေသည်။

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now