တောရိုင်းပန်းတို့မညိုးစေချင် (13)

940 48 0
                                    

                                  (22)

မနက်စောစော စီးစီး မထစဖူး ထက်ကို စိတ်ပူလို့ ဟန်လေးတစ်ယောက်ထလာရသည်။ ပါးစပ်ကလဲ ပွစိပွစိ ဖြင့်

"ကားထဲမှာ အေခဲပြီး ဂန့်နေပြီထင်တယ်၊ အိမ်လိုက်အိပ်ပါဆိုလဲ မရဘူး၊ အတွဲကြားထဲငါက ခွေးစာ စား နေရသလိုဘဲ။"

တယောငယ် တို့အိမ်ရှေ့ရောက်တော့ ကား နားသွားပြီး တံခါးခေါက်ကြည့်မှ ဟန်လေးတစ်ယောက် ကိုယ့်နဖူးကိုယ် လက်နဲ့ ပြန်ရိုက်လိုက်ရပြီ။

" ဟန်လေး...ဟန်လေး နင်တကယ် ခွေးစာ စားနေရပြီဘဲ..."

" စောက်ကျိုးနည်း ၊ ငါကတော့ စိတ်ပူလိုက်ရတာ ၊ သူကတော့ အိမ်ထဲမှာ နှပ်နေလောက် ပြီ၊ အိမ်ပြန်တာဘဲ ကောင်းတယ်။"

အိမ်ထဲသို့ မှုန်ကုပ်ကုပ်နှင့်တချက်လှမ်းကြည့်ပြီး
ဆူဆောင့်ဆောင့်နဲ့ အိမ်ပြန်ကာ စောင်နဲ့ ကွေးရတော့သည်။

တခါမှ ကြမ်းပြင်မှာ ညလုံးပေါက်မအိပ်ဖူးတာကြောင့် ထက်တစ်ယောက် ဘယ်လိုမှအိပ် မပျော်၊ လူလှိမ့်ရင်း မနက်မိုးလင်းရသည်။ အိပ်နေကျ ကိုယ့်အိပ်ရာ ၊ ကိုယ့်အိမ်မဟုတ်ဘူး ဆိုသည့် အတွေးကြောင့် သက်ပျင်းအခါခါ ချရသေးသည်။ ဖုန်း သုံး ဖို့ကျတော့လည်း လိုင်းဘယ်လိုမှမမိတာကြောင့် နားကျပ်တပ်ကာ အိပ်ရာ ပေါ်မှာဘဲ ပက်လက်လှန်ပြီး မမ နိုးတဲ့အချိန်ကိုစောင့်နေရသည်။

မနက် ၇ နာရီထိုးတော့ မမခြေသံကို ကြားရတာကြောင့် မျက်လုံး မှေးကာ အိပ်ချင်ဟန်ဆောင်ရသေးသည်။
အောက်ကိုဆင်းသွားသည့်အသံကြားမှ အိပ်ရာကနေ အသာလေးထကာ ခြင်ထောင်တွေဖြုတ် စောက်တွေခေါက် ကာသိမ်း လိုက်ပြီး...

" နိုးနေပြီလား။"

"ဟုတ်"

ဒါလေးဘဲမေးပြီး နောက်ဖေးမှာ ထမင်းအိုးတည် ကာ အလုပ်ရှုပ်နေတဲ့ မမကို စိတ်တိုင်းမကျ ဖြစ်ရသေးသည်။ စူပုတ်ပုတ်နဲ့ အလုပ်လုပ် နေတဲ့ မမကို တစ်ချက်ကြည့်ပြီး ကားထဲက သူမအသုံးအဆောင်တွေထဲက သွားပွတ်တံ နဲ့ သွားတိုက်ဆေး မျက်နှာသစ်ဆေးတွေ ထုတ်ယူ ကာ နောက်ဖေးနားက ရေချိုးတဲ့နေရာ ဆီသို့ ထွက်လာလိုက်သည်။

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now