(18)
" ဆရာမလေး ! "
" ဆရာမလေး ရှင့်။"အိမ်ရှေ့က ခေါ်သံကြောင့် အပြေးလေးဆင်းလာကြည့်တော့ ရွာက မိအေးနဲ့ မိုးငယ် တို့ နှစ်ယောက် စာအုပ်လေးတွေကိုင်ကာ အိမ်ရှေ့မှာ
" သမီးတို့လာလေ၊ ဘာလို့လဲ။"
" ဆရာမလေး သမီးတို့ စာစီစာကုံးနဲ့ အင်္ဂစာလေးကြည့်ပေးပါလားဟင်။"
"ရတာပေါ့၊ ခဏထိုင်အုံး ဆရာမ ၊ အအေးသွားဖျော်ပေးမယ်။"
"ကြီးမူရော ဆရာမလေး။"
"ကြီးမူက ဘုန်းကြီးကျောင်းမှာ ရိပ်သာ၀င်နေတာ တစ်လ ရှိပြီလေကွယ်။"
"အော် အဲ့တာကြောင့် ကြီးမူ ကျောင်းဘက်မလာတာကိုး။"
"အအေးသောက်ကြမယ်မလား။"
"ဒါပေါ့ဒါပေါ့ ဟီး" မိုးငယ်က ရီမောကာပြောလိုက်တာကြောင့် တယောငယ်လဲ အအေးဖျော်ဖို့နောက်သို့၀င်လာခဲ့သည်။
မကြာပါ ပြန်ထွက်လာတော့ ကလေးနှစ်ယောက်က စာအုပ်လေးတွေကိုထောင်ပြကာ" ဆရာမလေး စာရှင်းပြပါနော်၊ ကျောင်းပိတ်တုန်းလေး ရွာပြန်လာတာ၊ စာတွေနားမလည်လို့ စိတ်တွေညစ်နေပြီ။"
"အယ် ၊ ဆရာမတွေကို မမေးဘူးလား။"
"သူတို့က ဆူဖို့ကြီးဘဲ၊ သမီးတို့ကိုလဲ ဘာမှသေချာ မပြောဘူး၊ အတန်းချိန်ပြီးရင် ပျောက်သွားရော။"
"ဟုတ်တယ်ဆရာမ ၊ သမီးတို့ တချို့ ဘာသာတွေဆို နားမလည်လို့ သွားမေးရင် ချဲထိုင်တွက်နေရတာနဲ့။" မိအေးရဲ့စကားကို မိုးငယ်က ထောက်ခံကာ မျက်နှာလေး ဆူပုတ်ပုတ်နဲ့ ပြောသေးသည်။
" ဒီလိုတော့ဘယ်ဟုတ်ပါ့မလဲကွယ်၊ တချို့ဆရာမတွေကလည်း သေချာသင်ပေးကြတဲ့သူတွေ ရှိပါတယ် သမီးတို့ရယ်၊ တချို့တချို့တွေက သာ...။"
"အရင်ကဆို မမဟန်လေး ကရှင်းပြတာ၊ မမဟန်ဘေးက မြို့ကိုသွားတာကြာလိုက်တာ။"
ဟန်လေး ကလဲ သူမတို့ကိုစာရှင်းပြတတ်တယ်တဲ့လား၊
ဒီကောင်မလေး လျှိုထားတာ ပြန်လာမှ ပြောရမယ်..." ပေးပေး၊ ဆရာမ နားလည်သလောက် ရှင်းပြမယ်နော်၊ ဆရာမက ကျောင်းဆရာမ မဟုတ်တော့ ဆရာမလဲ ကြည့်ကြည့်အုံးမယ်လေနော်။"
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Acciónဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...