(20)
ဘယ်လောက်တောင် မျှော်လင့်နေမိလဲ မသိ ၊ ခရီးက ဝေးသလိုထင်မိသည်၊ ကားကလဲ ရောက်ခါနီးမှ ပိုးနှေးလာသလို ခံစားနေရသည်။
မမကို တွေ့ရင် မမဟာ မောင့်ကို ဆီးကြိုမှာလား၊
ထပ်ပြီးပစ်ပယ်ခဲ့ရင်ရော ...
မမ နဲ့ဝေးပြီးနောက် ဟောင်းနွမ်းနေတဲ့ဓာတ်ပုံကလည်း ပိုက်ဆံအိတ်ထဲမှာ ရှိနေတုန်း....
သူမရဲ့အေးချမ်းတဲ့မျက်နှာလေးကို တွေးမိတော့ပိုတောင် တွေ့ချင်လာမိသည်။
ပြန်တွေ့ခဲ့ရင် အပြုံးတွေစီနေတဲ့ မမရဲ့ နှုတ်ခမ်းပါးတစ်စုံက အမုန်းစကားတွေဆို အုံးမှာလား...
မောင် ဖွဖွလေး ဆုပ်ကိုင်ငေးခဲ့တဲ့ လက်ဖ၀ါးနုနု ကရော မောင့်ကိုတွန်းဖယ်အုံးမှာလား...
ပြန်တွေ့ခဲ့ရရင် တဖ၀ါးမှမခွာချင်တော့ဘဲ အနားမှာထားချင်မိတာ မောင့်စိတ်ကူးဖြစ်သည်။
Decembar လ ဖြစ်တာကြောင့် မြူခိုးတွေလွင့်နေချိန် မမတစ်ယောက်ဘာလုပ်နေမလဲ...။
အတွေးတွေနဲ့ စီကာပတ်ကုံးတွေးကာ ကားမောင်းနေစဥ် ဘေးကနေ အာလူးကြော်ဖောက်သံကြောင့် လှမ်းကြည့်လိုက်တော့
"ဟာ!"
"...."
ထအော်တဲ့ ထက် ကိုဟန်လေးက အာလူးကြော်ထုတ်လေးကိုင်ကာ အူကြောင်ကြောင်ရုပ်လေးဖြင့်
" အဲ့တာ မမ အတွက်လေ။" ထက်က ပြောတော့ ဟန်လေးက မျက်မှောင်ကြုပ်ကာ ထက်ကိုကြည့်လိုက်သည်။
" ဒေါ်ယွန်းထက်မေ၊ ကားနောက်ကိုလဲ ကြည့်လိုက်အုံး၊ တခြားသူတွေမြင်ရင် အိမ်တစ်အိမ်လုံး ချွတ်လာပြီး အိမ်ပြောင်းလာတယ် ထင်နေအုံးမှာ။"
"..."
"လာလည်း ခေါ်ရသေးတယ် ၊ လူကို မသထာ တာလား။လမ်းဆက်မပြရင် ဘာဖြစ်မလဲ သိလား။"
" အဲ မဟုတ်ပါဘူး ဟန်လေးရယ်၊ အမက စတာပါ၊ စားစား၊ ပြီးရင်ရေသောက်နော်။"
"ပြီးတာဘဲ..."
အာလူးကြော်စားကာ သီချင်းဖွင့်ပြီး ငြိမ့်နေတဲ့ ဟန်လေးကို ပွစိပွစိပြောမိသည်။
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Acciónဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...